home_banner-title

သင့်ရုံးမှာ Chat, Email, Excel တွေ အသုံးပြုနေတာကို ပြောင်းလဲသင့်ပါပြီ။ Better HR က သင့်ရုံးရဲ့ ရုံးချိန်၊ အလုပ်ချိန်ကနေစလို့ စီမံအုပ်ချုပ်ရေး စနစ်တစ်ခုလုံး ဒစ်ဂျစ်တယ်အဖြစ် အသွင်ပြောင်းလဲ ပေးမှာ ဖြစ်ပါတယ်။

Better HR က သင့်လုပ်ငန်းကို ဘယ်လိုကူညီမှာလဲ

သင့်ဝန်ထမ်းတွေ အားလုံးကို Better HR ကနေ တဆင့် သင် စီမံနိုင်မှာဖြစ်ပြီး သင့်ကုမ္ဗဏီအတွင်းမှာ ဘာတွေ တကယ် ဖြစ်ပျက်နေသလဲ ဆိုတာ ဒတ်ရှ်ဘတ်ကနေ တဆင့် အချိန်နဲ့ တပြေးညီ သင်ရှိနေရမှာပါ။ ဝန်ထမ်းတိုင်းကလည်း ဖုန်းကနေ တဆင့် ခွင့်၊ အချိန်ပို၊ ရုံးချိန် စတာတွေကို သူတို့ကိုယ်တိုင် စီမံနိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

သင့်လုပ်ငန်းကိုမြှင့်တင်ပေးမယ့် ဝန်ဆောင်မှုများ

NEW

လစာတွက်ချက်ခြင်း

Better HR Payroll စနစ်က သင့်ဝန်ထမ်းတွေရဲ့ အလုပ်ချိန်တွေကို မှတ်သားထားပြီး သူတို့တွေရဲ့ လစာတွေကို အလိုအလျာက် တွက်ချက်ပေးသွားမှာ ဖြစ်တယ်။

ဝန်ထမ်း လမ်းညွန်

Excel သုံးပြီး အချက်အလက်တွေ ရှာတာတွေ ရပ်နိုင်ပါပြီ။ သင့်ဝန်ထမ်းတိုင်းရဲ့ အချက်အလက်တွေ အားလုံး တစ်နေရာတည်းမှာ တွေ့ရမှာပါ။

ရုံး/အလုပ် အချိန်စာရင်း

မတူညီတဲ့ အလုပ်ဆိုင်းတွေ ရှိနေလည်း အေးဆေးပါ။ Better HR က သင်လိုအပ်တဲ့ အချိန်စာရင်းကို ပြုလုပ်ပေးဖို့ အသင့်ပါ။

ခွင့်

ခွင့်ကို စစ်ဆေးတာ၊ ခွင့် တိုင်ကြားတာတွေ အပြင် ဘယ်သူတွေ ခွင့်ယူထားလဲ ဆိုတာတွေပါ ဖုန်းကနေ တဆင့် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ရုံးသုံးပစ္စည်း စီမံမှု

ကုမ္ပဏီတစ်ခုလုံးမှာရှိတဲ့ ဝန်ထမ်းတစ်ဦးချင်းစီ ပေးအပ်ထားတဲ့ ရုံးသုံးပစ္စည်းတွေကို စနစ်တကျ စာရင်းပြုစုထားနိုင်ပါတယ်။

စာရွက်စာတမ်း စီမံမှု

စာချုပ်စာတမ်း၊ ကိုယ်ရေး ရာဇဝင် စတဲ့ ဝန်ထမ်းတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေနဲ့ အရေးကြီး မှတ်တမ်းတွေကိုတစ်နေရာတည်းမှာ သိမ်းဆည်းထားနိင်ပါတယ်။

ဒက်ရှ်ဘုတ်

ဘယ်သူတွေ ရုံးတက်လဲ၊ ဘယ်သူတွေ ခွင့်ယူထားလဲ သိရှိနိုင်မယ်။ မွေးနေ့၊ အလုပ် နှစ်ပတ်လည် စတာတွေကိုပါ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

လုပ်ထုံးလုပ်နည်း သတ်မှတ်ခြင်း

ရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေကို သင်ကိုယ်တိုင် ထည့်သွင်းခွင့်ရမှာ ဖြစ်ပြီး၊ ရုံးတွင်း သတင်းအချက်အလက်တွေနဲ့ ပက်သက်ပြီး လုပ်ပိုင်ခွင့်၊ ပြင်ဆင်ခွင့်တွေကိုလည်း သင်ကိုယ်တိုင် စီမံခန့်ခွဲခွင့်ရမှာ ဖြစ်တယ်။

သတင်း နှင့် ကြေညာချက်များ

ကြေညာချက် ထုတ်ပြန်ခြင်းနှင့် သတင်း ကြေညာခြင်း၊ ခွင့်တိုင်ကြာခြင်းကို ခွင့်ပြုခြင်း စတာတွေ အားလုံးကို စက္ကန့်ပိုင်းအတွင်း ပြုလုပ်နိုင်မှာပါ။

မှတ်တမ်းမှတ်ရာ

ဝန်ထမ်းတိုင်းရဲ့ အလုပ်လုပ်နှုန်းကို မှတ်တမ်းတင်ထားမှာ ဖြစ်တဲ့အတွက် ရာထူးတိုးခြင်းနှင့် အလွှဲအပြောင်းလုပ်ခြင်းများကို အလွယ်တကူ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီ အောင်မြင်ဖို့ ဘာတွေလုပ်ပေးနိုင်မလဲ

ပွင့်လင်းမြင်သာတဲ့ စနစ်ကြောင့် ဝန်ထမ်းများ ကျေနပ်မှု ခံစားရခြင်း။

HR ရဲ့ စီမံအုပ်ချုပ်ရေးစနစ်ကို ပိုမိုထိရောက်လာစေခြင်း။

ရုံးရဲ့ အခြေအနေတွေကို အချိန်နဲ့ တပြေးညီ သိရှိနိုင်ခြင်း။

Rita Nguyen

Group CTOYoma Strategic Holdings

Nang Mo Khaao

Resource Management ExecutiveEglo Myanmar

Ma Zar Chi Maung Myint

Operation ManagerNice Style Travel & Tour

Ko Ko Lwin

Executive DirectorBuilding Better Society

ကုမ္ပဏီအရေအတွက်

၃၀+

ဝန်ထမ်းအရေအတွက်

၁၅ဝ၀+

အသုံးပြုလျက်ရှိသည့် ကုမ္ပဏီများ

သင့်လုပ်ငန်းကို အဆင့်မြှင့်ခြင်း

Better HR ကို အသုံးပြုပြီး သင့်ရုံးနဲ့သင့်စီးပွားရေးလုပ်ငန်းကို အဆင့်မြှင့်တင်လိုက်ပါ။

ဘာကြောင့် Better HR ကို ယုံကြည်ကြသလဲ။

အချိန်ကုန်သက်သာခြင်း

ခလုတ်တစ်ချက်နှိပ်ရုံနဲ့ HR ရဲ့ စီမံခန့်ခွဲမှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ပါတယ်။

အသုံးပြုရလွယ်ကူခြင်း

လှပပြီး ရိုးရှင်းတဲ့ အပြင်အဆင်ကြောင့် လွယ်ကူစွာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

ဝန်ထမ်းကိုယ်တိုင် အသုံးပြုစနစ်

ကိုယ်ရေးအချက်အလက်များကို ကြည့်ရှုနိုင်မှာ ဖြစ်ပြီး အခြား လုပ်ဆောင်မှုများစွာကိုလည်း အသုံးပြုနိုင်ပါတယ်။

နည်းပညာကို အဆင့်မြှင့်ပေးခြင်း

ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် အသစ်သစ်သော လုပ်ဆောင်မှုများကို မြင်တွေ့ရမှာဖြစ်ပါတယ်။