ကြက်ဥပုပ် Employees

က

ကြက်ဥပုပ်တစ်လုံးက မီးဖိုချောင်ထဲမှာ ဘယ် လောက်များဖျက်ဆီးနိုင်မှာလဲ။ လွယ်လွယ် ကူကူပြောရလျှင် မ ကောင်းသောကြက်ဥတစ်လုံးက ကိတ်မုန့်တစ်လုံးကို အလွယ်တစ်ကူ ဖျက်ဆီးနိုင် ကြောင်း အစားအ သောက်ကျွမ်းကျင်ပညာရှင်များဆိုသည်။

မြန်မာ ဆိုရိုးအရဆိုလျင် “ ငါးခုံးမ တစ် ကောင် ကြောင့် တစ် လှေလုံး ပုပ် ” ဟူ၍ဖြစ်သည်။ ၎င်းကို English လိုဆိုလျင် “ Toxic Employee” ဟုဆိုသည်။ 

HR ပညာရှင်များ က တော့ toxic worker ဆိုသည်မှာ company သို့မဟုတ် အဖွဲ့အစည်း နှင့် အဖွဲ့အစည်းထဲ့က လူတွေ၊ ပစည်းတွေကိုပါ harmful ရောက် အောင် လုပ်တတ်တဲ့အ လေ့အကျင့်ရှိသူကို (behavior) ခေါ်ဆိုခြင်းဖြစ်သည်။ ဥပမာ- Company ပိုင်ပစည်းကို ကိုယ့်အကြိုး အတွက် သုံးစွဲသူမျိုး၊ လုပ်ငန်းနှင့် မသင့်လျော်သော စကားမျိုးပြောဆို ပြုမူခြင်း။

လက်တစ် လော ဖြစ်ခဲ့ သော အဖြစ်အပျက်ကို ထောက်ပြရလျှင် (Nexflix) မှာ Chief Organization Officer ကိုထိုအ ကြောင်းပြချက်ဖြင့် အလုပ်ထုပ်ခဲ့ခြင်းဖြစ်သည်။ 

ထိုအရာများမှာ သိသာသောအရာများသာဖြစ်သည်။ မသိသာသော အရာများမှာ ပိုကြောက်ဖိုကောင်းသည်။ 

ကြက်ဥပုပ်တစ်လုံးသည် Organization တစ်ခုတွင် မည်မျှတန်ဖိုးမဲ့ကြောင်း Harvard Business Students များ၏လေ့လာတွေ့ရှိမူ အရဆိုလျှင် မသိမသာဖြစ် ေနတဲ့ ဟာဆို ပိုပြီးသက်ရောက်မှုပြင်းထန် ကြောင်း…

ထိုအရာတွေမှာ customers ဆုံးရူံးမူအပြင် အခြား employees များပါ စိတ်ဓာတ်ကျ စေခြင်း၊ အလုပ်ထွက် စေခြင်း အထိဖြစ် ပေါ်စေနိုင်သည်။ 

ထိုအရာထက်ပိုအ ရေးကြီးသည်မှာ ကြက်ဥပုပ် employee တစ်ဦးက တစ်ခြားသော employees များကိုပါ လွှမ်းမိုးမူရှိစေပြီး သူ့ကဲ့သို့ ဆင့်ပွားဖြစ်နိုင်ပါသည်။  

ကြက်ဥပုပ် employee အမျိုးအစား (၈) မျိုးရှိကြောင်း…

(၁) ငါ အကုန်သိသောသူ

ငါအကုန်သိသည်ဟူသော employee မှာ တစ်ပါးသူ opinion ကိုနားထောင်ခြင်းမရှိဘဲ ကိုယ့်ကိုကိုယ် ယုံကြည်မူလွန်ကဲပြီး ဆရာကြီးဖြစ်ပြီဟုထင်ကာ တစ်ပါးသူ အမြင်နှင့် အယူအဆကိုပါ အပုပ်ချ လေ့ရှိသူများသာဖြစ်သည်။ ထိုသူများမှာ Career တွင် ယခင်က အောင်မြင်မှု ကြီးကြီးမားမားရခဲ့သည့်သူများဖြစ်တတ်ပြီး၊ ယခုတွင်လည်း အလုပ် Performance သိသိသာသာကောင်းသော သူများဖြစ်တတ်လေ့ရှိသည်။ ထိုကြောင့်လည်း လိုအပ်သည်ထက် ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲလေ့ရှိသည်။

(၂) မည်သည့်အရာမှမသိသူ 

ထိုသူများက တော့ လုပ်တတ် ပေမဲ့ ယုံကြည့်မူအားနည်းကာ ဘာမေးမေး မသိဟူ၍သာ ဖြေ လေ့ရှိကြသည်။ ထိုသူများ၏ အားနည်းချက်မှာ အခြား employees များအ ပေါ် အမှီပြုနေထိုင်တတ်ခြင်းမျိုးဖြစ်သည်။ ဘာလုပ်လုပ် သူများပါမှ အလုပ်ပြီးတော့ သူများပါအလုပ်ပျက်သည်။ 

(၃) Superhero

များသောအားဖြင့် ထိုကဲ့သို့သောလူများမှာ လုပ် ဆောင်ရည်မြင့်မားသော star employees များဖြစ်ကြသည်။ “ငါ” တစ်လုံးဆွဲသူများ ဖြစ်ပြီး ငါပါမှရမည်ဟူသော အ တွေးအ ခေါ်ကို လက်ကိုင်ထားသူများဖြစ်သည်။ ထိုသူများသည် team နှင့်အောင်မြင် အောင်ကြိုးစားရန်စိတ်ကူမရှိပဲ ကိုယ့်တစ်ဦးတစ် ယောက်တည်း၏ အောင်မြင်မူကိုသာ ရှေ့တန်းတင်တတ်သူဖြစ်သည်။

(၄) အတင်းပြောတတ်သူ

ထိုသို့သော employees များမှာ သိသည့်အတိုင်းသာ အလုပ်ခွင်အချိန်တွင် သော်လည်းကောင်း၊ ရုံးပြင်ပ အချိန်များမှာတင် အတင်းပြောဆိုတတ်သူများဖြစ် သည်။ ထိုသူတို့ကြောင့် team တစ်ခုလုံး၏ productivity ကိုပါ ကျ စေသည့်အပြင် unprofessional working enviroment ကိုပါဖြစ် စေသည်။

(၅) Over Sensitive ဖြစ်သူ

ထိုကဲ့သို့ teammate မျိုးတွေ့ဖူးကြ ပေလိမ့်မည်။ ထိုသူတို့သူ တစ်ခုခုဆိုလျှင် ဘာမျှမဟုတ် သော်ငြားလည်း ငိုမည်၊ ရယ်မည်၊ ဒေါသဖြစ်လွယ် စိတ်ဆိုးမည်။ ထိုသူများကြောင့် အနားမှလူများပါ အ နှောက်အယှက်ဖြစ်သည်။ ထိုသူများမှာ Pressure များလွန်းသောကြောင့် အလုပ်ခွင်တွင်ပါ အပူကူစက်၍ အလုပ်မတွင် တော့ပါ။

(၆) အလုပ်ခိုသူ

ထိုသူများမှာ အလုပ်တွင် ကိုယ်ပိုင် ကိုယ် ရေးကိုယ်တာ များဖြင့်သာ အလုပ်ရူပ် နေတတ်ကြသူများဖြစ်ပြီး လုပ်ငန်းခွင်အလုပ်များအား လစ်ဟင်းနေတတ် ကြသူများဖြစ်သည်။ ထိုသူများမျာ အမှားများလုပ်တတ်၍ လုပ် ဖော်ကိုင်ဖက်များပါ ၀ိုင်းဝန်းဖြေရှင်းပေးရသူများဖြစ်သည်။ ထိုသူများမှာ လုပ်ငန်းခွင်သို့ နောက်ကျမှ ပေါ်လာတတ်ကာ စောစီးစွာ ပြန်ကျသူများဖြစ်သည်။

(၇) မနိုင်ဝန်ထမ်းသူ 

ထိုသူများမှာ လုပ်ငန်းတာဝန်မှန်သမျှ တာဝန်ယူထမ်းဆောင်ကာ နောက်မှမနိုင် မနင်းဖြစ်ကြသည်။ ထိုသူများမှာ အလုပ်တာဝန်ပိ၍ သူတို့လုပ် ဆောင် နေသည့် တာဝန်တစ်ခုချင်းစီတွင့် အာရုံစူစိုက်မူလျော့ကျကာ အလုပ်ပြီးမြောက် ရေးကိုသာ အလျှင်လိုနေ သောကြောင့် လုပ်ငန်းခွင့်တွင်း ကြီးမားသောအမှားများလည်း ကြုံတွေ့ကြသူများဖြစ်သည်။

(၈) အလုပ်မလုပ်ဘဲ နေရာယူတတ်သူ

Image result for stealing credit

သူများလုပ်ထားသည့်အလုပ်ကိုပါ သူလုပ်ပါသည်ဟုသတင်းဖြန့်နေရာယူတတ်သည်။ အဲ့ဒါကို အထက်ပိုင်းက သေချာမစိစစ်ပဲ ချီးကျူးဂုဏ်ပြုလိုက်ပါက ကျန်တဲ့သူတွေပါ အလုပ်လုပ်ချင်စိတ်ပျောက် ပြီး အလုပ်မလုပ်တော့ပါ။ ထိသူများသည်လည်း ကုန်းထိုးတတ်သူများဖြစ်တတ်လေ့ရှိပြီး၊ သူတစ်ပါးကို နောက်ကွယ်မှ ချောက်ချတတ်ပါသည်။

The article is based on editorial work from JotForm
https://www.jotform.com/blog/toxic-workers/


About the author

Add comment

By admin