မနေ့ကထက် ဒီနေ့ပိုအဆင်ပြေချောမွေ့စေဖို့

နောက်တစ်နေ့မှာလုပ်ရမှာတွေကို မတိုင်ခင်တစ်ရက်အလိုတည်းကကြိုတင်ပြင်ဆင်ထားကြည့်လိုက်ပါ။ မနက်ဖြန်လုပ်ရမယ့်အသေးစိတ်စာရင်းတွေကို ညဖက်ကတည်းက စာအုပ်မှာချရေးထားပြီးစီစဉ်ထားတာမျိုးပါ။ ဒီလိုစီစဉ်မှုတွေဟာ ဝန်ထမ်းတစ်ဦးတစ်ယောက်စီသာမကပဲ အဖွဲ့အစည်းတစ်ခုလုံးကိုပြောင်းလဲစေနိုင်ပါတယ်။

၁။အဖွဲ့အစည်းတစ်ခုကိုအချိန်တိုတိုနဲ့ခရီးရောက်စေတယ်။

၂။ခေတ်ပေါ်စီးပွားရေးလုပ်ထုံးတွေရဲ့ riskတွေကိုလျော့ချပေးတယ်။

၃။အဖွဲ့အစည်းအတွင်း ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှုကိုဦးတည်စေတယ်။

၄။အဖွဲ့အစည်းတစ်ခုရဲ့ လမ်းကြောင်းအမှန်ကိုကွဲကွဲပြားပြားဖြစ်အောင်တည့်မတ်ပေးတယ်။

၅။အထိန်းအချုပ်ရှိလာပြီးတော့ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း စိတ်အားထက်သန်မှုတွေဖြစ်ပေါ်စေတယ်။

ကြိုတင်ပြင်ဆင်တာက ဒီလောက်တောင် အကျိုးအမြတ်တွေရှိတယ်ဆိုရင် ကျွန်တော်တို့ရဲ့ အလုပ်ခွင် တစ်နေ့တာမှာရော ကောင်းကောင်းမွန်မွန်ဖြစ်အောင် ကြိုတင်မပြင်ဆင်သင့်ဘူးလား

၁။မနက်စာ

မနက်စာကို ဘုရင်လိုစားပါဆိုတဲ့ ဆိုရိုးလိုပဲ မနက်စာကောင်းကောင်းစားတာက နေ့တစ်နေ့ကိုစတင်ဖို့ ခန္ဓာကိုယ်နဲ့စိတ်ကို ပြင်ဆင်ပေးတာပါ။တစ်နေ့လုံးတက်တက်ကြွကြွရှိစေဖို့ မနက်စာကိုကောင်းကောင်းစားပြီး သင့်ရဲ့စိတ်အခြေအနေကို အကောင်းဆုံးဖြစ်အောင် အရင်ဆုံးဖန်တီးရပါမယ်။

၂။ကိုယ့်ကိုကိုယ်အားပေးပါ

အလုပ်မသွားခင် မှန်ကိုကြည့်ပြီး ကိုယ့်ရဲ့ဆံပင်ကအစ ခန္ဓာကိုယ် တစ်ခုလုံး ဘယ်လောက်ကျက်သရေရှိနေကြောင်း ချီးမွမ်းဖို့မမေ့ပါနဲ့။

၃။လုပ်စရာတွေကိုချရေးပါ

အလုပ်ကို စမလုပ်ခင် တစ်နေ့တာ ဘာတွေလုပ်စရာရှိမလည်းဆိုတာ ချရေးပါ။ ပြီးတော့ အဲ့ဒီအလုပ်တွေအတွက် အချိန်ပါတစ်ခါတည်း ခန့်မှန်းတွက်ချက်ထားပါ။ အဲ့ဒီသတ်မှတ်တဲ့အချိန်ထဲမှာ ပြီးစီးအောင် ဆောင်ရွက်ပါ။

၄။လေ့ကျင့်ခန်း လုပ်ပါ

မနက်ကို ထနေမြဲအချိန်ထက် နာရီဝက်စောထပြီး လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းက သင့်ရဲ့ ခန္ဓာကိုယ်ကကြွက်သားတွေကို နှိုးဆော်ပေးပြီး တစ်နေ့တာလုံးမှာ ဖြစ်လာမယ့် စိတ်ဖိစီးမှုတွေကို တောင့်ခံနိုင်မယ့် စိတ်ခွန်အားကို ပေးပါတယ်။

၅။အကောင်းဆုံးကိုတွေးပါ

အရင်နေ့တွေက ဘာတွေပဲဖြစ်ခဲ့ ဒီနေ့ဟာ သင့်အတွက် အကောင်းဆုံးနေ့လို့ တွေးပါ။ တစ်ခုခု သင့်အတွက် အဆင်မပြေတာပေါ်လာခဲ့ရင်တောင် အကောင်းဘက်က တွေးပါ။ ဒီလိုအဆိုးတွေကြောင့် သင့်အတွက် ဘယ်လိုအကျိုးအမြတ်ရှိမလည်းဆိုတဲ့ဖက်က လှည့်တွေးပါ။

ဒီအတွေးအခေါ် အချက်အလက်အကုန်လုံးက ကျွန်တော့်ရဲ့ကိုယ်ပိုင်အတွေးတွေချည်း မဟုတ်ပါဘူး။ myStarjob.comက အချက်အလက်တချို့ကို မှီငြမ်းထားခြင်းဖြစ်ပါတယ်။


About the author

Add comment

By admin