အလုပ်ဖိအားတွေ​လျော့ကျစေဖို့ နည်းလမ်း၅ချက်

ကျွန်တော်တို့ဟာ နေ့တစ်နေ့ရဲ့တစ်ဝက်နီးပါးလောက် အလုပ်မှာအချိန်ကုန်ကြရပါတယ်။ဒီတော့အလုပ်ကြောင့် စိတ်ဖိစီးမှုတွေရှိတာကို ဖြေဖျောက်မှုမရှိပဲ ဆက်သွားနေမယ်ဆိုရင် တစ်နေ့ထက်တစ်နေ့ စိတ်ဖိစီးမှုတွေပိုများများလာမယ့်အခြေအနေပဲရှိပါတယ်။ အလုပ်ကစိတ်ဖိစီးမှုတွေကိုဖြေဖျောက်ဖို့

၁။ အသက်ဝဝရှူပါ

ဦးနှောက်အရမ်းစားရတဲ့ အခြေအနေ (ဒါမှမဟုတ်)စိတ်ဖိစီးမှုများစေမယ့်အစည်းအဝေးတွေကထွက်လာရင် ၅မိနစ်လောက်အချိန်ပေးပြီးအသက်ဝဝရှူပါ။

၂။အငြင်းပွားမှုတွေကိုတတ်နိုင်သလောက်ရှောင်ပါ

လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အငြင်းပွားမှုတွေ ပဋိပက္ခတွေဖြစ်လိုက်ပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက်အမြင်ကြည်တဲ့အနေအထားကိုရောက်ဖို့ကခက်ခဲပါတယ်။ဒီလိုဆက်ဆံမှုတွေက ရုပ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း ထိခိုက်စေတာကြောင့်
အဲ့ဒီလိုအခြေအနေဖြစ်စေမယ့်အငြင်းပွားမှုတွေကိုတတ်နိုင်သလောက်ရှောင်ပါ

၃။ အလုပ်အများကြီးတပြိုင်နက်လုပ်တာမျိုးရှောင်ပါ

တစ်ချိန်ထဲမှာ တပြိုင်တည်းအလုပ်နှစ်ခုလုပ်ရင် အလုပ်မြန်မြန်ပြီးတယ်လို့ထင်ရပေမယ့် တကယ်တမ်းမှာတော့ နှစ်ခုစလုံးရေရေရာရာမပြီးပဲကြန့်ကြာနေရတာပါ။အဲ့ဒီအတွက်အလုပ်မပြီးလေ စိတ်ဖိစီးမှုပိုများလေပါပဲ။အဲ့ဒီလိုဆောင်ရွက်မယ့်အစား အလုပ်တစ်ခုကိုအမြန်ပြီးအောင်လုပ်လိုက်တာကမှ အလုပ်ပြီးမြောက်တဲ့ခံစားချက်ကိုရပြီး နောက်တစ်ခုကိုပိုကောင်းအောင်ဆက်လုပ်နိုင်စေမှာပါ။

၄။အကောင်းမြင်တတ်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပါ

တစ်ခုခုမှားယွင်းမှုတွေရှိလာခဲ့ရင်တောင်အကောင်းမြင်တတ်တဲ့ပတ်ဝန်းကျင်ရှိတယ်ဆိုရင် သင်ဟာကံအကောင်းဆုံးလူပါပဲ။ positive environment မရှိဘူးဆိုရင် အဲ့ဒီလိုပတ်ဝန်းကျင်ရအောင်မိမိကိုယ်တိုင်ကစပြီးပြုပြင်ပါ။

၅။ကောင်းကောင်းအိပ်ပါ ကောင်းကောင်းစားပါ

အိပ်ရေးမဝတာတို့ ဗိုက်ဆာနေတာတို့က ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုသက်သက်ပဲ။အလုပ်ကိုမထိခိုက်ဘူးလို့ထင်ကြမှာပါ။တကယ်တမ်းမှာတော့ အဲ့ဒီလိုတွေခံစားနေရတဲ့အချိန် သာမန်ဆိုရင်မသိသာပေမယ့် အရမ်းအလုပ်ရှုပ်တဲ့အချိန်တွေမှာဆိုရင်စိတ်ဖိစီးပြီး သည်းခံနိုင်စွမ်းတွေလျော့ကျစေပါတယ်။

ဒီအချက်အလက်တွေကို When I work / Balance Career အစရှိတဲ့ Blog တွေကနေ မှီငြမ်းထားပါတယ်။

About the author

Add comment

By admin