အလုပ်မှာ လူတွေဘာလို့ ပျင်း (bored) တာလဲ။

မြင်ဘူးလား မသိဘူး အလုပ်မှာ။ ဘေးကလူတွေ ဖေ့ဘုတ်သုံးနေတာတို့၊ဟိုကြည့် ဒီကြည့်လုပ်နေတာတို့၊ အလုပ်ကို အာရုံမစိုက်တာတို့။ အဖြေကတော့ ရှင်းပါတယ်။ သူတို့ လက်ရှိလုပ်နေရတဲ့ အလုပ်တွေက ဖေ့ဘုတ်တို့၊ အင်စတာ(ရမ် မှာ ရှိတဲ့ အကြောင်းတွေလောက် စိတ်ဝင်စားစရာ မကောင်းဘူးလို့ ထင်နေလို့ပါပဲ။

Image result for using facebook at work

အကယ်လို့ သင်က ရာထူးမြင့်တဲ့လူဖြစ်ရင် ဘာလို့ ပျင်းနေလဲ ဆိုတာကို အဖြေရှာမရဘူး ဖြစ်နေပါလိမ့်မယ်။ ရာထူးမြင့်တဲ့ လူမျက်လုံးကကြည့်ရင် ဒီအလုပ်က အရမ်းအောင်မြင်နေပြီး၊ အသစ်သစ်တွေ တွေစိတ်ဝင်စားစရာ ကောင်းနေတယ်လို့ ထင်ပါလိမ့်မယ်။ တကယ်တမ်း ဒီလို ခံစားမှု ကွာဟတာက ရာထူးကြီးသူတွေဟာ အလုပ်နဲ့ တကယ် ထိတွေ့မှုရှိလို့ ပါပဲ။ အလုပ်နဲ့ တကယ်ထိတွေ့တဲ့ အတွက် အလုပ်ဘာဖြစ်နေလဲ၊ ဘာတွေဖြစ်လာမလဲ၊ ဘယ်လိုအောင်မြင်မှုတွေ ရလာ မလဲ သိတဲ့အတွက် ပျင်းစရာမကောင်းဘူးလို့ ထင်ပါတယ်။

Image result for look puzzled

ဒါပေမယ့် အခြေခံ ကျတဲ့ အလုပ်သမားအတွက်တော့ ဖုန်းလေးတစ်ခွန်းဖြေတာ၊ အီးမေး တစ်စောင်ပို့တာ ဒီကုမ္ပဏီ အပေါ် အကျိုးသက်ရောက်မှုကို မသိတဲ့အတွက် ဆက်စပ်လို့ မရပါဘူး။ အဲ့ဒါကြောင့် အထိအတွေ့နည်းပြီး၊ ပျင်းရိစွာနဲ့ ဖေ့ဘုတ်ထိုင်ကြည့်နေတာပါ။

တကယ်တမ်းတော့ အဲ့ဒါက အနည်းနဲ့အများ ဖြစ်လေ့ဖြစ်တတ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ လုံးဝကြီးတော့ အဖြေမရှိပါဘူး။ လေ့လာချက်များအရ အနည်းဆုံး ၄၃ ကနေ ၅၃ ရာခိုင်နှုန်းအထိ ပျင်းရိနေတယ်ဆိုတာ စစ်တမ်းတွေအရ သိရပါတယ်။

three people sitting in front of table laughing together
typical millennials with cool, casual style work clothing

တကယ်တော့ ဒီပြသနာက အခုခေတ်မှာ ထင်ထားတာထက်ကြီးပါတယ်။ အခုခေတ်က millennial လို့ခေါ်တဲ့လူတွေရဲ့ ခေတ်ပါ။ ယခင်တုန်းက လူတွေဆိုရင် အလုပ်တစ်ခုတည်းကို လုပ်ရသော်လည်း ပျော်လေ့ပျော်ထ ရှိပါတယ်။ ဒါပေမယ့် ယခုခေတ်လူငယ်တွေကတော့ ဒီအလုပ်ကိုပဲ ထပ်ခါထပ်ခါ နေ့တိုင်းလုပ်နေရတယ်ဆိုရင် လုပ်ရတဲ့နေရာမှာ အဓိပ္ပယ်မရှိဘူးလို့ ခံစားလာရပါတယ်။

အဲ့လို ခံစားလာရပြီဆိုရင် ပိုက်ဆံရဖို့အတွက် လုပ်နေကြသော်လည်း အလုပ်မှာစိတ်ဝင်စားမှုပျောက်ကွယ်လာကာ အချိန်ဖြုန်းမှုများ ဖြစ်လာပါတယ်။

Millennials and Entitlement in the Workplace: The Good, the Bad, and the Ugly

အချိန်ဖြုန်းကာ ကိုယ်တိုင်မဟုတ်ဘဲ ဘေးကလူပါထိခိုက်လာပြီး၊ ခနလေးဆိုသလို ပြန့်သွားပါတယ်။ US မှာတော့ ဒီလို ပျင်းရိတဲ့လူတွေကြောင့် ထိခိုက်တဲ့ တန်ဖိုးက တစ်နှစ်ကို ဒေါ်လာ ၅၅၀ ဘီလီယံ လောက်ရှိတယ်လို့ မှန်းထားပါတယ်။ အဲ့နည်းတွေကို ဘယ်လို တားမလဲ။

နံပါတ် ၁ စခန့်ကတည်းက မှန်အောင်ခန့်ပါ။ အကယ်လို့ အလုပ်က တစ်ခုတည်းကို ထပ်ခါထပ်ခါလုပ်ရတာ ပါတယ်ဆိုရင်၊ ဒီလိုမျိုး လုပ်တာကို ကြိုက်တဲ့လူကို ရွေးပြီးခန့်ပါ။ လူအကုန်လုံးက ထပ်ခါထပ်ခါ လုပ်ရလို့ မပျင်းရိတတ်ပါဘူး။ အချို့တွေက လုပ်ချင်ကြပါတယ်။ အစထဲက ရှင်းအောင် ပြောဖို့ပါပဲ

နံပါတ် ၂ မန်နေဂျာ ကောင်းကောင်းခန့်ပါ။ ကောင်းတဲ့ မန်နေဂျာတွေက အောက်က လူတွေ မပျင်းအောင်ထားတတ်ပါတယ်။ သူတို့က လူတစ်ယောက်ချင်းစီကို၊ ထမင်းစားပြီးပြီလား၊ နေကောင်းရဲ့လား၊ အိပ်ပျော်ရဲ့လားကို သူငယ်ချင်းတစ်ယောက်လို့ ဆက်ဆံတတ်ပါတယ်။

နံပါတ် ၃ အလုပ်ပိုပေးပါ။ ဒီကောင်ကတော့ အလွယ်ဆုံးနည်းလမ်းပါပဲ။ အလုပ်တွေအများကြီး ပြသနာတွေ အများကြီး ပုံပေးလိုက်ပါ။ ပျင်းရိချိန် ရှိတော့မှာ မဟုတ်တော့ပါဘူး။

နံပါတ် ၄ Friendly ဖြစ်တဲ့ Employee တွေခန့်ထားပါ။ Friendly ဖြစ်တဲ့ Employee ဆိုတာ အလုပ်ထဲမှာ အတော်ဆုံး လူတွေမဟုတ်ပါဘူး။ ဒါပေမယ့်သူတို့က လူချစ်လူခင်ပေါများအောင်၊ သူတို့ ရှိနေရင် အနည်းဆုံးတော့ လူတွေ အလုပ်ထွက်ဖို့ မစဉ်းစားပါဘူ

This article is based on a community article listed on Forbes
https://www.forbes.com/sites/curtsteinhorst/2020/01/28/why-your-workforce-is-bored-out-of-their-minds/?ss=leadership-strategy#4cbb08f8208d

About the author

Add comment

By admin