၀န်ထမ်းတွေအတွက် လစာထက်ပိုအရေးကြီးတဲ့အချက် (၅)ချက်

၁။ကျေးဇူးတင်ခြင်း

ရလဒ်အတွက်မဟုတ်ပဲ အလုပ်ပြီးမြောက်ခဲ့တဲ့အတွက်ကျေးဇူးတင်လိုက်ပါ။
ဝန်ထမ်းတွေအတွက် လစာထက်အရေးကြီးတာကကိုယ်လုပ်ထားတဲ့ အလုပ်ရဲ့တန်ဖိုးပါ။ဖြစ်လာတဲ့ရလဒ်ကိုမကြည့်ပဲအလုပ်ပြီးမြောက်တဲ့အတွက် ကျေးဇူးတင်လိုက်တာက သူတို့ရဲ့ကြိုးစားအားထုတ်မှုကို တန်ဖိုးထားရာရောက်ပါတယ်။

၂။ကွဲပြားမှုတွေကိုအားပေးပါ

လုပ်ငန်းခွင်မှာ ဘာသာရေး၊လူမျိုးရေး၊ကျားမ အစရှိတဲ့ကွဲပြားမှုတွေအပြင် သူတို့ရဲ့ထူးထူးခြားခြား ကွဲပြားနေတဲ့အကြံဉာဏ်တွေကိုလည်း အားပေးပါ။ဒီလုပ်ငန်းခွင်ဟာ ဝန်ထမ်းအားလုံးကို ရှေးရိုးစွဲတစ်နည်းတည်းလုပ်စေတာမဟုတ်ပဲ သူတို့ရဲ့ထူးခြားမှုကိုတန်ဖိုးထားကြောင်းပြပါ။

၃။Feedbackပေးပါ

အကျိုးသက်ရောက်မှုရှိတဲ့ feedback တွေဟာ ဝန်ထမ်းတစ်ယောက်ဆီရဲ့ လုပ်နိုင်စွမ်းကို ကိုယ်တိုင်သိစေပြီး ကြိုးစားချင်စိတ်ပိုပြီးဖြစ်လာစေပါတယ်။အဲ့ဒီဝန်ထမ်းအပေါ် သူ့ရဲ့နောက်ထပ်ပိုပြီးလုပ်နိုင်တဲ့ပုံစံကိုမျှော်လင့်ထားရာကျပါတယ်။Positive feedback တော့ဖြစ်ပါစေ။

၄။ကျင့်ဝတ်ရှိတဲ့ အလုပ်ခွင်ဖြစ်ပါစေ

ဝန်ထမ်းတွေဟာ အိမ်မှာနေရတဲ့အချိန် အပြင်မှာနေရတဲ့အချိန်ထက် အလုပ်မှာနေရတဲ့အချိန်ကပိုများပါတယ်။ကျင့်ဝတ်ရှိတဲ့ လုပ်ငန်းခွင်က ဝန်ထမ်းရဲ့ အကျင့်၊သိက္ခာနဲ့စိတ်ကျေနပ်မှုကို အထောက်အကူုပြုပါတယ်။

၅။တိုးတက်မှုကိုအားပေးပါ

ဝန်ထမ်းတစ်ယောက်မှာရှိတဲ့ skillတွေကို အသုံးချဖို့ချည်းပဲမဟုတ်ပဲ ပိုပြီးskillတွေတိုးတက်လာအောင် training တွေ workshopတွေပေးတာဟာ ကုမ္ပဏီအနေနဲ့ ဝန်ထမ်းတွေအတွက်ပြန်ကြည့်ပြီး အခွင့်အရေးပေးရာရောက်ပါတယ်။တကယ်လို့သာ ကုမ္ပဏီအနေနဲ့ဒီလိုအခွင့်အရေးမပေးဘူးဆိုရင် ဝန်ထမ်းတွေဟာ နောက်ထပ်skillတွေဖြည့်စွက်နိုင်မယ့်နေရာကိုပြောင်းသွားမှာပါ။

ဒီအချက်အလက်တွေကို balance career blog ကနေ မှီငြမ်းထားတာဖြစ်ပါတယ်။

About the author

Add comment

By admin