၀န်ထမ်းများ၏ အကျိုးခံစားခွင့်

ကျွန်တော်တို့ အရင်အပတ်တွေက လစာတွက်တဲ့အခါမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿာနာလေးတွေနဲ့ လစာထဲမှာ လူမှုဖူလုံရေး (SSB) ကြေးအားဘာကြောင့်ထည့်တွက်ရတယ်ဆိုတဲ့အချက်တွေ မျှဝေပေးခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ Compensation and Benefits အကြောင်းအရာလေးအား ပြောပြပေးသွားမှာဖြစ်ပါတယ်။ လစဉ်ဝန်ထမ်းလစာတွက်ချက်ခြင်း လုပ်ငန်းစဉ်ဟာ Payroll in Excel ဒါမှမဟုတ် Payroll in Software သုံးခြင်းဖြင့် တွက်ချက်နိုင်ပြီး ပုံစံကျသွားရင် နောက်လတွေလည်း ဒီပုံစံပဲဖြစ်ပါတယ်။ ဝန်ထမ်းလစာတွက်ချက်ခြင်းအား စနစ်တကျရေးဆွဲတတ်သွားပြီးဆိုရင် နောက်တစ်ဆင့်အနေဖြင့် C&B Level ကိုထက်တက်ရပါမယ်။ လုပ်ငန်းက ဝန်ထမ်းကို လစာတစ်ခုတည်းပေးထားရတာမဟုတ်ဘဲ လစာအပြင်ထပ်ဆောင်းပေးထားရတဲ့ ခံစားခွင့်များစွာတွေရှိနေပါသေးတယ်။
လုပ်ငန်းမှာ C&B ပေးရတဲ့ရည်ရွက်ချက်ကတော့ ဝန်ထမ်းကောင်းတွေ လုပ်ငန်းကိုရောက်လာဖို့နဲ့ ရှိနေတဲ့ဝန်ထမ်းတွေ ထွက်မသွားအောင်ထိန်းဖို့ သုံးတာဖြစ်ပါတယ်။ လုပ်ငန်းမှာ ဝန်ထမ်းကိုပေးထားတဲ့ ခံစားခွင့်တွေက လစာတစ်ခုတည်းမဟုတ်ပါဘူး၊ Total Compensation ကိုလုပ်ငန်းကပေးထားရတာပါ။ Total Compensation ထဲမှာ အချက်(၃) ချက်ပါဝင်ပါတယ်။ ဝန်ထမ်းတစ်ယောက် ဒီလုပ်ငန်းထဲမှာ အလုပ်လုပ်ရတာ စိတ်ကျေနပ်မှု(Employee Satisfaction) ရရှိစေဖို့ ဒီ အချက်(၃)ချက်ကလိုအပ်ပါတယ်။
(၁) Salary – လစာလို့ပြောရင် လစာတွက်ချက်မှုထဲမှာပါဝင်တဲ့ Basic Salary, Allowances, Overtime, Leave, Late စသည်တို့ပါဝင်ပါတယ်။
(၂) Benefits – ခံစားခွင့်တွေကတော့ Health Plans, Retirement Plans, Vacation/time off, Paid Training, Working Hours စသည်တို့ပါဝင်ပါတယ်။
(၃) Rewards – အသိအမှတ်ပြုတာတွေကတော့ Bonus, Salary Increases, Promotions, Equity Offerings, Awards, Recognition စသည်တို့ပါဝင်ပါတယ်။
ခံစားခွင့်အစီအစဉ်တွေပေးရတဲ့ ရည်ရွယ်ချက်များ (Objective of Benefit Programs)
(၁) To Improve Morale – လုပ်ငန်းတွေထဲမှာ စံပြလုပ်ငန်းတစ်ခုဖြစ်အောင်လုပ်ခြင်း
(၂) To Meet Health and Safety Needs – ဝန်ထမ်းတွေ ဒီလုပ်ငန်းမှာလာလုပ်ရင်ဘေးအန္တရာယ်ကင်းရှင်းခြင်း
(၃) To Attract Good Employees – ဝန်ထမ်းကောင်းတွေ လာလုပ်ချင်အောင် ဆွဲဆောင်ခြင်း
(၄) To Reduce Turnover – ဝန်ထမ်းထွက်နှုန်း လျော့ချနိုင်ခြင်း
(၅) To Reduce Unionism – အလုပ်သမားသမဂ္ဂများပါဝင်မှု လျော့ချနိုင်ခြင်း
(၆) To Maintain a Competitive Position – လုပ်ငန်းပြိုင်ဘက်နေရာ ထိန်းထားနိုင်ခြင်း
(၇) To Enhance the Organization’s Image – လုပ်ငန်းအဖွဲ့အစည်းဟာ branding ဖြစ်လာခြင်း
လုပ်ငန်းတွေမှာ အများစုပေးလေ့ရှိတဲ့ Employee Benefits တွေကတော့ လုပ်ခလစာ (Wages)၊ ကျန်းမာရေးနှင့်ဆေးဝါးထောက်ပံ့မှုအာမခံ (Health/Medical Insurance)၊ အသက်အာမခံ (Life Insurance)၊ သက်ပြည့်ပင်စင် (Retirement)၊ ပိတ်ရက်များ (Leave)၊ အခြားခံစားခွင့်များ (Other Benefits) စသည်တို့ပါဝင်ပါတယ်။ ဒါကြောင့် လုပ်ငန်းတစ်ခုနဲ့တစ်ခု ပေးကြတဲ့ Benefits တွေကတော့ မတူကြပါဘူး။ တချို့ဝန်ထမ်းတွေက Benefits နည်းရင်နည်းပါစေ လစာများတာကိုမက်လို့အလုပ်လုပ်ကြပါတယ်။ တချို့ကလည်း လစာနည်းရင်နည်းပါစေ Benefits များတာကိုပိုကြိုက်ကြပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းမှာ လစာထက် benefits ပေးထားတာတွေများနေလား၊ နည်းနေလားဆိုတာ ပြန်သုံးသပ်သင့်ပါတယ်။
C&B ကိုလေ့လာကြည့်တဲ့အခါမှာ လုပ်ငန်းက ဝန်ထမ်းကိုလစာအပြင် ထပ်ဆောင်းပေးရတဲ့ Benefits များစွာရှိနေတာထည့်တွက်ချက်ရပါမယ်။ အနည်းဆုံး လစဉ်လစာအပြင် Employee Benefit Costs ကတော့ 30% to 40% လောက် လုပ်ငန်းကထောက်ပံ့ပေးထားရပါတယ်။ Employee Benefit ဟာ လုပ်ငန်းရှင်တွေအတွက် Budget တစ်ခုအနေဖြင့်ရှိနေပြီး နောက်ကွယ်ကနေ Hidden pay check အနေဖြင့်တည်ရှိနေပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေက လုပ်ငန်းရှင်က ကိုယ့်ကိုလစာ (Salary) တစ်ခုတည်းမဟုတ်ဘဲ Total Compensation တစ်ခုလုံးကိုပေးထားရတယ်ဆိုတာ နားလည်ဖို့လိုအပ်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။

About the author

Add comment

By admin