HR လောကရဲ့ Trend ကြီးခြောက်ခု

H

ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်လာပြီးဆိုပြီ လူတွေပြောနေကြတယ်။ ပြောင်းလဲမှု (change) ကိုလက်ခံပေးမှကိုရတော့မယ့် အခြေအနေဖြစ်လာပြီ။ ခေတ်နဲ့အညီပြောင်းလဲမှု မလုပ်နိုင်တဲ့သူတွေ လူ့ပတ်ဝန်ကျင်အသိုင်းအဝိုင်းရဲ့ အပြင်ဘက်မှာ ကျန်ခဲ့ရတော့မယ် နယ်ပယ်တိုင်းမှာ စပြီး Change ကိုလက်ခံနေကြပြီ။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေမှာ change ကို လက်ခံရတော့မယ်။ ပြောင်းလဲမှုကို စိန်ခေါ်နိုင်မှ အမြတ်အစွန်းရတော့မယ့် လုပ်ငန်းတွေဖြစ်လာမယ်။ စီးပွားလုပ်ငန်းလို့ိ့ပြောလာရင်တော့ လူစွမ်းအားတွေမေ့ထားလို့မရဘူး။ Natural Resource ရှိတိုင်းလည်း နိုင်ငံက မချမ်းသာဘူး။ အဓိကအရင်းအမြစ်က Human Resource Capital ဟာအရေးကြီးလာတယ်။ ကုမ္ပဏီအတွက် အရေးကြီးတာက Human Resource ဆိုတဲ့ လူတွေပဲ။ လုပ်ငန်းအောင်မြင်ဖို့ လူတွေကအရေးကြီးတယ်။ လူတွေက အရေးကြီးတော့ HRM ကပိုတောင်အရေးကြီးလာသေးတယ်။ လူတွေကို စီမံခန့်ခွဲခြင်းဆိုတာ လုပ်ငန်းကို စီမံခန့်ခွဲတာနဲ့ တိုက်ရိုက်အချိုးကျနေတယ်။ လုပ်ငန်းတိုင်းမှာ HR ရဲ့အရေးပါမှုဟာလည်း အောက်ဖော်ပြပါ အချက် (၆) ချက်ကြောင့်ပြောင်း လဲလာရတယ်။
Six Megatrends :

  1. Globalization 2.0
  2. Environmental Crisis
  3. Individualization & Value Pluralism
  4. Digital Era
  5. Demographic Change
  6. Technological Convergence
    1) Globalization 2.0
    လက်ရှိအခြေအနေဟာ Globalization 2.0 ခေတ်ဖြစ်နေတယ်။ ကျွန်တော်တို့နိုင်ငံမှာဆိုရင်လည်း နိုင်ငံခြားကုမ္ပဏီတွေလာရောက် ရင်းနှီးမြှပ်နှံနေကြပြီ။ နိုင်ငံခြားဘဏ်တွေ၊ Wholesale တွေ၊ FMCG လုပ်ငန်းတွေမှာ တဖြည်းဖြည်း နေရာယူလာကြတယ်။ ကိုယ့်ပြည်တွင်းကုမ္ပဏီတွေက မပြိုင်နိုင်ရင်တော့ ပြိုလဲဖု့ိအလားအလာရှိတယ်။ ဒီတော့ partnerships, joint ventures, collaboration တွေလုပ်လာရတယ်။ Workforces ပုံစံတွေလည်းပြောင်းလာရတယ်။ ကုမ္ပဏီတစ်ခုမှာ လူတွေများနေတာထက် လူတွေကို ကျစ်ကျစ်လစ်လစ်ခန့်တာမျိုးတွေ၊ Skilled labour တွေကို International ကခေါ်ခန့်တာမျိုးတွေဖြစ်လာပါတယ်။
    2) Environmental Crisis
    ကမ္ဘာပတ်ဝန်းကျင် ပြဿနာတွေကိုလည်း လျစ်လျူရှုထားလို့မရပါဘူး။ လူတွေသေတယ်၊ ရာသီဥတုဖောက်ပြန်တယ်၊ ရေတွေမ လုံလောက်တော့ဘူး။ လူဦးရေထူထပ်လာခြင်း ၊ သဘာဝပတ်ဝန်းကျင်တွေပျက်စီးလာခြင်း၊ သဘာဝအရင်းမြစ်တွေကုန်ခမ်းလာခြင်း စတဲ့ပြဿနာတွေမှာ လူသားအတွက် စိန်ခေါ်မှုတွေရှိလာပါတယ်။ အစားအသောက်တွေ အဆင်ပြေစွာ လုံလောက်စွာဖြည့်တင်းပေးနိုင်ဖို့ supply chains, product development အပိုင်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလာပါတော့တယ်။
    3) Individualization & Value Pluralism
    လူတစ်ဦးတစ်ယောက်ချင်းဆီရဲ့ မျှော်လင့်ချက်တွေ၊ ဖြစ်ချင်တာတွေ၊ တန်ဖိုးထားတာတွေဟာလည်းမတူညီကြတော့ Product တွေဖန်တီးထုတ်လုပ်တဲ့နေရာမှာလည်း ဒီအချက်တွေကို ထည့်သွင်းစဉ်းစားရပါမယ်။ customer တွေ၊ ဝန်ထမ်းတွေရဲ့ တန်ဖိုးထားမှုကို သိမှပဲလုပ်ငန်းတွေ အမြတ်အစွန်းရပါမယ်။ လူတွေရဲ့ Needs and wants တွေကို သိမှပဲ လုပ်ငန်းကိုလည်ပတ်နိုင်ပါမယ်။
  7. Digital Era
    လုပ်ငန်းတွေမှာ အရင်လို paper work မဟုတ်တော့ပဲ digital ခေတ်ရေစီးကြောင်းပေါ်မှာ အလုပ်တွေလုပ်လာကြတယ်။ အဓိက လုပ်ငန်းမှာ transparency (ပွင့်လင်းမြင်သာမှု) ရှိလာတာကြောင့် Corporate လုပ်ရတာအရမ်းလွယ်လာတယ်။ လုပ်ငန်းတွေအကျိုးတူပေါင်းလို့ရလာတယ်။ Customer နဲ့ Employee တွေအတွက် လုပ်ငန်းက branding ဖြစ်လာစေတယ်။ လုပ်ငန်းကလည်း တာဝန်ခံမှု၊ တာဝန်ယူမှုတွေရှိလာစေတယ်။ ဒါပေမယ့် လုပ်ငန်းရဲ့ အရေးပါတဲ့အပိုင်းတွေကိုတော့ Privacy နဲ့ Ethical အရစောင့်ထိန်းဖို့တော့လိုပါတယ်။ Digital နည်းပညာတွေကြောင့် အလုပ်တွေလျင်မြန်စွာပြောင်းလဲလာပါတယ်။

5) Demographic Change
အလုပ်လုပ်နိုင်တဲ့လူဦးရေတွေပြောင်းလဲခြင်း (Working population) တွေလျင်လျင်မြန်မြန် ဖြစ်လာပါတယ်။ ဟိုအရင်လိုအလုပ်တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲလုပ်ကြတော့တဲ့ခေတ်မဟုတ်ဘဲ လုပ်ငန်းတွေလည်းများစွာရှိလာတော့ ဝန်ထမ်းတွေက အလုပ်တစ်နေရာနဲ့ တစ်နေရာ ခုန်ကူးလာကြတယ်။ ဘဝကို တန်ဖိုးထားမှုတွေလည်းမတူညီတာကြောင့် သူတို့နဲ့ကိုက်ညီမယ့် အလုပ်တွေရှာဖွေကြပါတယ်။ အလုပ်လုပ်ရတဲ့ Working Patterns တွေလည်းပြောင်းလဲလာပါတယ်။ ဒါကြောင့်လုပ်ငန်းတွေမှာ Talent ရှိတဲ့ လူတွေကို ထိန်းထားဖို့လိုသလို Market ထဲမှာရှိတဲ့ Smart Young Talent တွေကိုလည်း ကိုယ့်လုပ်ငန်းမှာ လာလုပ်ချင်အောင် ဆွဲဆောင်ဖို့လိုအပ်လာပါတယ်။
6) Technological Convergence
နည်းပညာအဆင့်အတန်းတွေမြင့်မားလာမှုနဲ့ ပြောင်းလဲတိုးတက်လာမှုတွေဟာ လူနေမှုဘဝတွေမှာ ကြီးမားသောပြောင်းလဲမှုှ တွေကိုဖြစ်စေခဲ့ပါတယ်။ ဟိုအရင် Computer အကြီးကြီးတွေခေတ်ကနေ ယခုဆိုရင် portable devices တွေ၊ mini computer တွေဖြင့် nanotechnology ၊ biotechnology တွေဖြင့် ဖန်တီးထုတ်လုပ်နိုင်တဲ့အထိ လွန်စွာမြန်ဆန်စွာ ထုတ်လုပ်လာနိုင်ခဲ့ပါပြီ။ လုပ်ငန်းအဖွဲ့အစည်းတွေမှာလည်း နည်းပညာအကူအညီမပါဘဲ ဘယ်လိုမှရပ်တည်လို့မရတော့ပါဘူး။ လုပ်ငန်းအချင်းချင်းလည်း နည်းပညာတွေဖလှယ်ပြီး လုပ်ကိုင်လာရပါတယ်။
အပေါ်က အချက် (၆)ချက်ကြောင့်ပဲ HR ရဲ့အခန်းကဏ္ဍမှာ ပြောင်းလဲသက်ရောက်လာပြီး ပိုမိုကျယ်ပြန့်လာရတယ်။ HR Practices တွေလည်း ပြောင်းလဲလာတယ်။ ဒါကြောင့်လုပ်ငန်းတွေမှာ ပြောင်းလဲအတဲ့အခြေအနေတွေပေါ် မူတည်ပြီး ဝန်ထမ်းတွေကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ သိပ်အရေးကြီးတယ်။ လုပ်ငန်းထဲမှာ ဝန်ထမ်းကောင်းတစ်ယောက်ရဖို့ Attract, recruit, develop နဲ့ retain လုပ်နိုင်ဖို့ HR မှာတာဝန်ရှိတယ်။ HR က ခေတ်စနစ်နဲ့ညီတဲ့ Workforce planning တွေကောင်းကောင်းဆွဲနိုင်ရမယ်။ လုပ်ငန်းနဲ့ ချိတ်ဆက်ထားတဲ့ Performance Management , Reward, Learning & Development, Talent Management တွေကို စီမံခန့်ခွဲပေးနိုင်ရမယ်။
အနာဂတ်မှာ HR ရဲ့အခန်းကဏ္ဍဟာ ဘယ်လိုဖြစ်လာမလဲဆိုရင် ဟိုယခင် ပုံမုန် Administration အလုပ်တွေကနေ HRM >> Human Talent Management >> Great Employee Experience စသဖြင့် နောက်ဆုံးမှာ ဝန်ထမ်းတွေအပေါ်မူတည်ရတဲ့ လုပ်ငန်းပုံစံဖြစ်လာပါမယ်။ Business strategy ကနေ HR Operations ပုံစံဖြင့် လုပ်ငန်းတွေ လည်ပတ်ရမယ့်အခြေအနေဖြစ်လာပါမယ်။ လုပ်ငန်းမှာ HR ဟာအရေးကြီးတဲ့ Strategic Partner, Administrative expert အနေဖြင့်ရှိနေပေးရမည်ဖြစ်ပြီး Change Agent တစ်ခုအနေဖြင့်အကောင်အထည်ဖော်ကာ လုပ်ငန်းအတွက်အရေးကြီးတဲ့ Employee Champion တွေကို မွေးထုတ်ပေးနိုင်အောင် အနာဂတ်မှာ HR ကလုပ်ဆောင်ပေးရပါမယ်။

About the author

Add comment

By admin