မိုဘိုင်း App နှင့် HR Modernization

ဒီနေ့ ခေတ် ၂၁ ရာစုမှာ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်လာတာနဲ့အတူ နည်းပညာရဲ့ တိုးတက်မှု အရှိန်ကလည်းမြှင့်နေဆဲပါပဲ။ လုပ်ငန်းအများစုကလည်း နည်းပညာကိုအသုံးပြုပြီး HR ဌာနတွေကို ပိုမို ခေတ်မီအောင်ဆောင်ရွက်နေကြပါတယ်။ ဒီလိုနည်းပညာတွေကို အသုံးပြုပြီး မိုဘိုင်းဖုန်းကနေ တစ်ဆင့် စီမံခန့်ခွဲနိုင်အောင်ဆောင်ရွက်ခြင်းကြောင့် ဝန်ထမ်းတွေရဲ့ Engagement ၊ စွမ်းဆောင်နိုင်စွမ်းနဲ့ သတင်းအချက်အလက်ရရှိနိုင်မှုဟာလည်းပြောင်းလဲလာပါတယ်။

ဘာဖြစ်လို့ ဖုန်းတွေနဲ့ဆောင်ရွက်သင့်တာလဲ။

ကျွန်တော်တို့ဟာ နေ့စဉ် မိုဘိုင်းဖုန်းကို မနက်ရော ညပါမကျန် သုံးစွဲနေကြပါတယ်။ Google ကြည့်မလား။ Facebook သုံးမလား။ အလုပ်ကိစ္စအတွက်ပဲလား။ အစုံပါပဲ။ အခုဆိုရင် မြန်မာနိုင်ငံလူဦးရေအများစုဟာ Smartphone တွေကို နေ့စဉ်အသုံးပြုနေကြပါပြီ။ HR လုပ်ငန်းရှင်တွေနဲ့လည်း မိုဘိုင်းနည်းပညာအကြောင့် ဝန်ထမ်းတွေနဲ့ ချိတ်ဆက်ဖို့၊လုပ်ငန်းပိုပြီးတွင်ကျယ်အောင်ဆောင်ရွက်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်လာခဲ့ပါပြီ။

မိုဘိုင်းအခြေပြု Digital HR

ဝန်ထမ်းတစ်ယောက်က တစ်နေ့ကို ဖုန်းဘယ်နှခေါက်ကြည့်မလဲဆိုတာကို အခြေပြုပြီးတော့ ယနေ့ခေတ် ဝန်ထမ်းတွေကလည်း အလုပ်ကိစ္စတော်တော်များများကို ဖုန်းကနေတစ်ဆင့်ဆောင်ရွက်ချင်လာကြပါတယ်။ ဝန်ထမ်းတွေအနေနဲ့ သူတို့သိချင်တဲ့ Information တွေ ဝန်ထမ်းရေးရာဆောင်ရွက်စရာတွေဖြစ်တဲ့ ခွင့်တိုင်ခြင်း Overtime တင်ခြင်းအစရှိတာတွေကို ဖုန်းကနေတစ်ဆင့်ဆောင်ရွက်နိုင်မယ်ဆို ပိုပြီးနှစ်သက်ကြမှာပါ။

ဒီလို ဖုန်းကနေတစ်ဆင့်လုပ်ဆောင်နိုင်ခြင်းအားဖြင့် အချိန်ကုန်လည်းသက်သာစေပါတယ်။ အသေးအဖွဲ HR လုပ်ငန်းစဉ်တွေမှာအချိန်မကုန်တဲ့အတွက် တခြားသော ဗျူဟာပိုင်းဆိုင်ရာကိစ္စတွေမှာ အချိန်တွေအများကြီးပေးလို့ရသွားပါတယ်။ အခုဆိုရင်တော့များစွာသော လုပ်ငန်းတွေက သူတို့လုပ်ငန်းတိုးတက်ပြောင်းလဲဖို့အတွကိ မိုဘိုင်းဖုန်းနဲ့ Cloud နည်းပညာကို အသုံးပြုနေကြပါပြီ။

များပြားလာသော လူငယ်ဝန်ထမ်းများ

ခေတ်လူငယ်တွေဟာ နည်းပညာကျွမ်းကျင်မှုပိုမြင့်မားပြီး မတူညီတဲ့ အတွေးအမြင်၊ အလုပ်လုပ်ကိုင်ပုံနဲ့ မျှော်မှန်းချက်တွေလိုအပ်ချက်တွေ မတူညီကြပါဘူး။ ကုမ္ပဏီတော်တော်များများရဲ့ HR ဌာနတွေဟာ ဝန်ထမ်းတွေကို ဆွဲဆောင်တဲ့အခါမှာ နားရက်ပိုပေးတာ သက်တောင့်သက်သာရှိတဲ့အလုပ်ချိန်တွေသတ်မှတ်ထားပေးတာ စတာတွေအပြင် မိုဘိုင်းနည်းပညာတွေကိုပါ အသုံးပြုလာပါတယ်။

ခေတ်လူငယ်ဝန်ထမ်းတွေဟာ အလုပ်ကိစ္စတွေကို မြန်မြန်ဆန်ဆန်ပြီးမြောက်စေချင်ကြတယ်။ လိုချင်တဲ့ အချက်အလက်ကို လိုချင်တဲ့အချိန်မှာ အများကြီးစဉ်းစားဖို့ မလိုပဲ သိချင်လာကြတယ်။ ခွင့်အကျိုးခံစားခွင့်တွေ၊ Attendance စည်းမျဉ်းတွေ

လစာတွက်ချက်ပုံတွေစတဲ့ အရာတွေအတွက် ပိုပြီးပွင့်လင်းမြင်မှုကို လိုချင်ကြပါတယ်။ ခေတ်လူငယ်ဝန်ထမ်းတွေကတော့ သူတို့သိချင်တဲ့ လိုချင်တဲ့ အချက်အလက်တွေကို ဖုန်းကနေတစ်ဆင့်ပဲ အချိန်မရွေး နေရာမရွေး သိချင်ကြလို လုပ်စရာ ရှိတဲ့ ကိစ္စတွေကို လည်း ဖုန်းကနေတစ်ဆင့် ဆောင်ရွက်လိုကြပါတယ်။

HR App တွေကို အသုံးပြုရင် ဘာကောင်းကျိုးတွေရမလဲ။

HR Mobile App တွေကို အသုံးပြုရင်တော့ အဓိက ကောင်းကျိုး (၃) ခုရပါမယ်။

(၁) Corporate Communication (လုပ်ငန်းပိုင်းဆိုင်ရာ ဆက်သွယ်ရေး)

HR မိုဘိုင်း App တွေအသုံးပြုခြင်းကြောင့် လုပ်ငန်းပိုင်းဆိုင်ရာ ဆက်သွယ်ရေးအခက်အခဲတွေကို ဖြေရှင်းနိုင်စေပါတယ်။ လိုချင်တဲ့အချက်အလက်တွေကို သိနိုင်တဲ့အတွက် Employee Engagement လည်းကောင်းလာသလို ကြေညာချက်တွေ ထုတ်ပြန်တဲ့အခါမှာလည်း လူတိုင်းရဲ့ ဖုန်းထဲကို အကြောင်းကြားပေးမှာဖြစ်ပါတယ်။ ခလုပ်လေးတစ်ချက် နှိပ်လိုက်တာနဲ့ သတင်းအချက်အလက်တစ်ခုက လူတိုင်းစီကိုရောက်သွားစေမှာပါ။

(၂) Employee Self-Service (ဝန်ထမ်းကိုယ်တိုင် ဆောင်ရွက်နိုင်မှု)

ဝန်ထမ်းတွေကလည်း ဖုန်းကနေတစ်ဆင့် ခွင့်တိုင်ခြင်း OT တင်ခြင်း ခွင့်ရက်ကျန်ကြည့်ခြင်း Attendance မှတ်တမ်းတင်ခြင်းအပြင် အခြားသော HR လုပ်ငန်းစဉ်တွေကို ဝန်ထမ်းတွေကိုယ်တိုင်လုပ်ဆောင်နိုင်မှာမို့ အချိန်ကုန် သက်သာပြီး ပွင့်လင်းမြင်သာမှု ရှိစေမှာပါ။

(၃) Manager Self – Service (မန်နေဂျာကိုယ်တိုင် ဆောင်ရွက်နိုင်မှု)

မန်နေဂျာတွေအနေနဲ့လည်း ဖုန်းကနေတစ်ဆင့် စီမံခန့်ခွဲမှုတွေလုပ်နိုင်မယ်၊ ငွေရေးကြေးရေးဆိုင်ရာအချက်အလက်တွေကို သိနိုင်စေမှာဖြစ်လို့ ဆုံးဖြတ်ချက်မြန်မြန်ချစေနိုင်ပြီး ပိုမို အလုပ်တွင်ကျယ်စေမှာပါ။ လက်အောက်ငယ်သားတွေခွင့်တိုင်တာ OT တင်တာ စတဲ့အပိုင်းတွေမှာလည်း ဖုန်းကနေတစ်ဆင့်ဆောင်ရွက်နိုင်လို့ ပိုပြီးမြန်ဆန်စေပါတယ်။

ကျွန်တော်တို့တွေရဲ့ မိုဘိုင်းဖုန်းတွေကို ကိုယ်ပိုင်လက်ထောက် (Personal Assistant) လိုမျိုးဖြစ်နေပါပြီ။နေ့စဉ်လိုအပ်ချက်တွေအတွက်မရှိမဖြစ်လိုအပ်လာတဲ့ မိုဘိုင်းဖုန်းတွေကို HR လုပ်ငန်းစဉ်တွေအတွက် အသုံးချပြီး ဝန်ထမ်းတွေအတွက် လိုအပ်တဲ့ HR လုပ်ငန်းစဉ်တွေကို တွင်ကျယ်စွာဆောင်ရွက်အောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။

About the author

Add comment

By admin