Collaboration ထောင်ချောက် နဲ့ စိတ်အပိုင်းအခြား

C

လူတိုင်း ပြောပါတယ်။ အလုပ်ထဲမှာ collaboration လိုတယ်၊ Team work လိုတယ်။ အဲ့အရာတွေက ကုမ္ပဏီ အဖွဲ့အစည်းတွေရဲ့ အောင်မြင်မှုမအောင်မြင်မှုအတွက် အရေးကြီးတဲ့ အချက်လို့ ပြောကြပါတယ်။ အထူးသဖြင့် တရုတ်နှင့် အမေရိကန်လို မြန်ဆန်တဲ့စျေးကွက်တွေ၊ ကြမ်းတမ်းပြီး dynamic ဖြစ်တဲ့ frontier စျေးကွက်တွေမှာ လွန်စွာအရေးပါတယ်လို့ ပြောကြပါတယ်။

four people watching on white MacBook on top of glass-top table

သုသေသန တစ်ခုကတော့ collaboration ကအရေးကြီးတယ် ၈၁ ရာခိုင်နှုန်းယုံကြည်ပြီး၊ ၇၁ ရာခိုင်နှုန်း ကတော့ ဦးစားပေး လိုအပ်လို့ ထင်ပါတယ်။ ဒါပေမယ့်
တကယ်လုပ်ကြလား။ မလုပ်ကြပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ပြိုင်ဆိုင်ပြီး၊ ကိုယ့်ကို ရှေ့တန်းပိုပေးပါတယ်။

တကယ်ဘာဖြစ်လို့ မလုပ်ကြတာလဲ။ ပထမဆုံးကတော့ collaboration လို့ နာမည်တပ်ပြီး၊ အပြင် ကနေ အတင်းလုပ်ခိုင်းတာပါပဲ။ သင်မြင်ဖူးမှာပါ။ သင့်မန်နေဂျာက သင်တို့ကို သာ အတင်း collaborate လုပ်ခိုင်း ပြီး၊ သူတို့ မန်နေဂျာအချင်းချင်းကျ collaborate လုပ်ဖို့ နေနေသာသာ၊ စကားတောင် မပြောကြပါဘူး။

တကယ်က Collaboration က အတွင်း က လာတာပါ။ အပြင်ကနေ အတင်းလုပ်ခိုင်းလို့ မရပါဘူး။ Collaboration ဆိုတာ organization culture ၊ အလုပ်ပတ်ဝန်းကျင်၊ Mindset နဲ့ Process တွေ ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။

ဥပမာ့ ပြောရမယ်ဆိုရင် collaboration အကြီးဆုံးရန်သူက စစ်တမ်းတွေအရ ဌာနတွေက silo ဖြစ်လို့လို့ ဆိုပါတယ်။

သူ့နယ် ကိုယ့်နယ် (silo) ဆိုတာ တကယ်ကြီး မိုင် ထောင်ပေါင်းများ စွာ တစ်ယောက်နဲ့ တစ်ယောက် ဝေးနေတာ မဟုတ်ပါဘူး။ မျက်နှာချင်းဆိုင်ထိုင် စိတ်ထဲမှာ ဖြစ်နေတဲ့ စိတ်အပိုင်းအခြားတစ်ခုပါ။

ယခု ခေတ်မှာ Better HR လို digital နည်းပညာတွေ ပေါ်လာတဲ့အခါ လူတွေက ပို့လို့ကို နီးစပ်လာပါတယ်။

အဲ့ဒီအရေးကြီးတဲ့ စိတ်အပိုင်းအခြား တွေ၊လုပ်ငန်းစဉ်တို့ Tool တို့ Communication Flow တို့ကို မဖြေရှင်းသရွေ့ Collaboration ဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။

This article is based on an editorial work by Gustavo Razzetti published on Medium.

About the author

Add comment

By admin