HR လုပ်ငန်းစဉ်များကို တီထွင်ဆန်းသစ်ခြင်း

H

HR လုပ်ငန်းစဉ်များကို တီထွင်ဆန်းသစ်ခြင်း
HR နဲ့ဆိုင်တဲ့ Innovation ကိုမပြောခင် ကမ္ဘာမှာ innovation လုပ်ကြတဲ့အခါမှာ ကြီးမားသောပြောင်းလဲမှုတွေနဲ့အတူ အောင်မြင်မှုတွေရတဲ့ ကုမ္ပဏီတွေထုနဲ့ထည်ရှိကြတယ်။ ဥပမာအနေနဲ့ဆိုရင် Steve Jobရဲ့ Apple product iPhone တွေဟာဆိုရင် ဆင့်ကဲပြောင်းလဲမှုတွေကြောင့် လူအများနှစ်ကြိုက်ကြပြီ Brand တစ်ခုအနေဖြင့်တန်ဖိုးထား ဝယ်ယူကိုင်တွယ်ကြပါတယ်။ နောက်တစ်ခုက Lab Grown Meat လို့ခေါ်တဲ့ ဓါတ်ခွဲထဲကနေ ထုတ်လုပ်ရောင်းချလာတဲ့ တိရိစ္ဆာန်တွေရဲ့အသားတွေကို ဈေးကွက်မှာ လူတွေစားသုံးနိုင်ဖို့ တဖြည်းဖြည်းဖန်တီးပြုလုပ်ရောင်းချလာနေကြပါပြီ။ ကျွဲ၊ နွားတိရိစ္ဆာန်တွေကို သတ်ဖြတ်စရာမလိုဘဲနဲ့ ၄င်းတို့ရဲ့ အသားစ (tissue) ကတဆင့်ပြန်လည်၍ အသားဖြစ်စေသောနည်းပညာဖြင့် ထုတ်လုပ်တာဖြစ်ပါတယ်။ ဒါဟာ အသားစ (tissue) ကိုနည်းပညာအကူအညီဖြင့် Innovation လုပ်နိုင်လိုက်တာဖြစ်တယ်။ ဒီနည်းပညာဟာ ကမ္ဘာ့စားနပ်ရိက္ခာ ကိုတစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေနိုင်လိမ့်မယ်လို့ယူဆရပါတယ်။ ဒါကြောင့် Innovation ရဲ့နောက်မှ ကြီးမားတဲ့ပြောင်းလဲမှု (Change) တွေလိုက်လာပါတယ်။

Innovation တစ်ခုဖြစ်လာဖို့အတွက်ဆိုရင် Creativity လို့ခေါ်တဲ့ စိတ်ကူးစိတ်သန်းတွေ အရင်လိုအပ်တယ်။ နောက်တဆင့်ကတော့ Invention လို့ခေါ်တဲ့ အသစ်သစ်သောအယူအဆ idea တွေဖန်တီးရမယ်။ ဒါမှ ကောင်းမွန်တဲ့ Innovation တစ်ခုဖြစ်ပေါ်လာလိမ့်မယ်။ HR မှာလည်း ဖြတ်သန်းခဲ့ရတဲ့ခေတ်တွေရှိတယ်။ ကမ္ဘာမှာစက်မှုတော်လှန်ရေးကာလဖြစ်တဲ့ ၁၇၅၀-၁၈၅၀ ခုနှစ်ကာလ လုပ်ငန်းတွေမှာ စက်ကိရိယာပစ္စည်းတွေဖြင့် လုပ်ကိုင်လာကြတယ်။ စိုက်ပျိုးရေးကိုအခြေခံတာကနေ စက်မှုပညာတွေအစားထိုးလာကြတဲ့ခေတ်ဖြစ်တယ်။ စက်ရုံတွေအများအပြားပေါ်ပေါက်လာတဲ့အခါမှာ ထုတ်ကုန်တွေထုတ်လုပ်နိုင်ဖို့ လုပ်သားတွေခန့်ရတယ်။ လုပ်သားတစ်ယောက်ခန့်တော့မယ်ဆိုရင် နောက်က လစာပေးရတာတွေပါလာမယ်။ ဟိုတုန်းကလည်း လူခန့်တယ်ဆိုရင် interview စစ်တယ်။ ကာယလုပ်သားတွေဆိုတော့ အသယ်အပြုလုပ်ရတာ၊ မချီရတာတွေအဓိကလုပ်ရတော့ interview တဲ့သူက ရှေ့မှာ ကျောက်ခဲပုံတစ်ပုံပေးထားပြီး လုပ်သားကိုဂေါ်ပြားဖြင့် နိုင်သလောက်ရွေ့ ခိုင်းတယ်။ ရွှေ့ရင်ရွှေ့နိုင်သလောက် အလုပ်ရဖို့သေချာတယ်။ ဒီလိုပုံစံနဲ့ လူရွေးခန့်တယ်။ အဲဒီနေရာမှာ interviewer လုပ်တဲ့သူဟာ HR ပဲ။ ထိုခေတ်ကဆိုရင်တော့ HR management လို့မခေါ်ဘဲ personal management (PM) လို့တယ်။ PM ဟာအများကြီးလုပ်စရာမလိုဘဲ ဝန်ထမ်းတွေ စက်ရုံလာမလာစစ်တာ၊ လစာပေးတာ၊ လုပ်သားစာရင်းထိန်းသိမ်းတာနဲ့ လုပ်သားတွေရဲ့ ကျန်းမာရေးကိစ္စတွေလောက်ပဲလုပ်ရတယ်။
စက်မှုတော်လှန်ရေးခေတ်ဆိုတော့ လူတွေဟာအလုပ်တွေအရမ်းလုပ်ရသလို စီးပွားရေးလုပ်ငန်းရှင်တွေကလည်း အပြိုင်အဆိုင်စီးပွားရှာရတော့ စက်ရုံတွေမှာ လုပ်သားတွေကို အလုပ်ချိန်တွေတိုးခိုင်းလာတယ်။ ၁၇၉၀ မှာဆိုရင် အလုပ်သမားသမဂ္ဂတွေလည်းရှိနေပြီး အဓိက အလုပ်ချိန်တွေတိုးခိုင်းတာတွေများလာတဲ့အခါ လုပ်သားတွေဟာ လစာနည်းနည်းပေးပြီး များများခိုင်းတာကို မနှစ်မြို့ကြတော့လို့ ဆန္ဒတွေပြလာကြတယ်။ စက်မှုတော်လှန်ရေးစတင်ဖြစ်ပေါ်ပြီးနောက်ပိုင်းမှာ လုပ်ငန်းအဖွဲ့အစည်းတွေမှာ HR ပညာရပ်တွေ တဖြည်းဖြည်းပေါ်ပေါက်လာတယ်။ HR ရာထူးတွေအဆင့်ဆင့်ပြောင်းလဲလာပုံကိုကြည့်မယ်ဆိုရင်တော့ ..
(1) Welfare Officer (1890-1913)
(2) Labour Manager (1914-1939)
(3) Personal Management (1946-1979)
(4) HR Management (1980-1990)
(5) Human Capital / HR Business Partner
People Management (1990 above- current) ဆိုပြီအဆင့်ဆင့်ပြောင်းလဲလာလိုက်တာ ယခုဆိုရင် မြန်မာပြည်မှာပါ HR ပညာရပ်တွေပြန့်ပွားနေပါပြီ။ အလုပ်တွေချည်းပဲ ဖိလုပ်လို့မရတော့ဘဲ လုပ်သားအင်အားစုတွေကို ထိန်းကျောင်းနိုင်မှ လုပ်ငန်းအောင်မြင်မယ်ဆိုတာသိလာတဲ့နောက်ပိုင်းမှာ Douglas McGregor ရဲ့Theory X and Theory Y (1960) တွေပေါ်လာခဲ့တယ်။ လူတွေရဲ့စိတ်နေစိတ်ထားတွေ၊ အကြိုက်တွေ၊ မကြိုက်တာတွေ ကိုလေ့လာပြီတော့မှ ဘယ်လိုလူမျိုးကတော့ ဘယ်အလုပ်နဲ့သင့်တော်တယ်၊ မသင့်တော်ဘူးဆိုတာတွေပါ ထည့်စဉ်စားလာကြတယ်။ နောက်ပြီး လူကိုတန်ဖိုးထားတတ်လာတယ်။ တဖြည်းဖြည်းနဲ့ Personal Management ကနေ Dynamic HRM ဖက်ကိုရောက်လာတယ်။ HR ပညာရပ်တွေတဖြည်းဖြည်းအသုံးဝင်လာပြီးတော့ လုပ်ငန်းနဲ့ ချိတ်ဆက်လာတဲ့အထိဖြစ်လာတယ်။ HR ပညာရပ်တွေဖြစ်တဲ့ ..
Recruitment and selection of skilled workforce.
Motivation and employee benefits
Training and development of workforce
Performance related salaries and appraisals.
Strategic Human Resource Management Approach တို့အပြင် နောက်ပိုင်းမှာ HR ဟာ လုပ်ငန်းတစ်ခုရဲ့ အဓိက Critical role ဖြစ်လာတယ်။ ကိုယ့်လုပ်ငန်းအပြင် တခြားပြိုင်ဘက်တွေရဲ့အကြောင်းတွေပါ HR ကသိထားရတယ်။ Strategic HRM ဖြစ်လာပြီး နည်းပညာ technology ကိုလည်းမေ့ထားလို့မရတော့ဘူး။ ကိုယ့်လုပ်ငန်းရေရှည်အောင်မြင်ဖို့ဆိုရင် HR ရဲ့အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ ခုနောက်ပိုင်းမှာ HR Analytics တွေအရမ်းအသုံးဝင်လာတယ်။ လုပ်ငန်းတစ်ခုလုံးရဲ့ အချက်အလက်တွေကို HR data တွေနဲ့ချိတ်ဆက်ထားပြီး လွယ်လင့်တကူ ကြည့်ရှုနိုင်တော့ ကိုယ့်လုပ်ငန်းမှာ တစ်ခုခုအမှားအယွင်းဖြစ်နေရင် ချက်ချင်းသိရှိစေနိုင်တယ်။ ဒါကြောင့် တိုးတက်လာတဲ့နည်းပညာတွေကြောင့် HR တွေရဲ့အခန်းကဏ္ဍကိုလည်း Innovation လုပ်ရမယ်။ ကိုယ့်လက်ထက်ရောက်လာတဲ့အခါမှာ အရင် HR လုပ်ခဲ့တဲ့ HR system တွေက out of date ဖြစ်နေရင်ပြင်ရမယ်။ တချို့ HR process တွေကို ဆက်သုံးလို့မရတော့ရင် ဖြတ်ချပြီး ကိုယ့်မှာ သင်ယူတတ်မြှောက်ထားတဲ့ HR ပညာရပ်တွေဖြင့် လုပ်ငန်းအတွက်အစားထိုးသင့်ရင် အစားထိုးပြီးသုံးရမယ်။ ကိုယ့်က innovation လုပ်တတ်တဲ့ HR ဆိုရင် မူလထက်ကောင်းမွန်တဲ့ HR system တွေကိုလုပ်ငန်းအတွက်တည်ဆောက်ပေးပြီး လုပ်ငန်းကို အကျိုးပြုတဲ့ HR ဖြစ်ရမယ်။ ကိုယ့်ပညာလည်းပြန်လည်းအသုံးချခွင့်ရသလို လုပ်ငန်းအတွက်လည်း အများကြီးအထောက်အကူပြုတယ်ဆိုရင် ဒါဟာ Change တစ်ခုကိုအကောင်ထည်ဖော်ပေးလိုက်နိုင်တာပါ။ HR Management Role ယူထားကြတဲ့သူတွေဟာ ကိုယ့်လုပ်ငန်းရဲ့ HR Functions တွေမှာ HR innovation လုပ်လို့ရပါတယ်။

  1. Recruitment innovation
    ဒီအပိုင်းမှာဆိုရင်တော့ Programmatic job advertising တွေသုံးတာမျိုး၊ ကိုယ့်အစား candidate တွေကိုဖြေပေးမယ့် Chatbots တွေထားတာမျိုး၊ Preselection system သုံးတာမျိုးဆိုရင် ဝန်ထမ်းရှာရတဲ့နေရာ၊ အင်တာဗျူးရတဲ့နေရာတွေမှာ HR အတွက်အချိန်ကုန်သက်သာစေပါတယ်။
  2. Onboarding Innovation
    ဝန်ထမ်းတစ်ယောက်ကိုယ့်လုပ်ငန်းသို့ဝင်လာပြီးဆိုရင် လုပ်ငန်းခွင်မိတ်ဆက်လုပ်ရတော့မယ်။ HR ဟာ Onboarding လုပ်ရရင်အချိန်အရမ်းပေးရတယ်။ ဒီတော့ Onboarding system သာရှိခဲ့မယ်ဆိုရင် လိုက်မိတ်ဆက်ပေးစရာမလိုတော့ဘဲ အလွယ်တကူမိတ်ဆက်လို့ရသွားမယ်။
    ဝန်ထမ်းသိသည့်တဲ့ Company policy တွေထည့်ရေးထားလို့ရတယ်။
  3. Learning and development (L&D) Innovation
    နောက်တစ်ခုက လုပ်ငန်းထဲမှာ အချိန်မပေးနိုင်တဲ့ ဝန်ထမ်းတွေ၊ အထူးသဖြင့် Talent acquisition တွေအတွက်ရည်ရွယ်ထားတဲ့ Online learning tools တွေဟာလည်း Learning innovation ကိုဖြစ်စေပြီး ဝန်ထမ်းတွေကလည်းလုပ်ငန်းကို ပြန်လည်း အကျိုးပြုစေပါတယ်။
  4. Talent acquisition management Innovation
    ဒီနေရာမှာ Talent Management Dashboard (TMD) ကိုသုံးပြီး Reporting, Performance management, Engagement, L&D, Talent pipeline စတာတွေလုပ်နိုင်တယ်။ TMD ကိုတော့ Recruiters နဲ့ Hiring Managers တွေကသုံးပြီး Talent တွေစုဆောင်းတဲ့နေရာမှာသုံးတယ်။
    အထက်ပါအချက်တွေဟာ နမူနာဖြစ်ပါတယ်။ Innovation လုပ်ဖို့ အဓိက (၃)ချက်လိုအပ်တယ်..
    (1) Mindset Change : စိတ်ကိုဖွင့်ထားရမယ်၊ စိတ်ကိုဘောင်ထဲမှာ တယူသန်ခတ်ထားလို့မရဘူး။
    (2) Learn, Unlearn, Relearn : Innovation ဖြစ်ဖို့လိုအပ်တာတွေလေ့လာမယ်။ မလိုတာတွေဖြုတ်မယ်။ တထပ်လဲလဲလေ့လာမယ်။
    (3) Enable, Expect, Encourage : ကိုယ်ဘာသာလုပ်နိုင်တယ်၊ မျှော်လင့်ချက်ရှိတယ်။ ကြိုးစားတယ်။
    Digital ခေတ်ရေစီးကြောင်းထဲမှာ လူတွေဟာတဖြည်းဖြည်း နည်းပညာအကူညီဖြင့် လက်တကမ်းကအရာတွေဟာ လွယ်ကူမြန်ဆန်စွာသုံးလို့ရအောင် ဖန်တီးလာကြတယ်။ ဖန်တီးထားတဲ့အရာတွေပေါ်မှာလည်း အသုံးပြုသုူတို့ရဲ့ ရည်ရွယ်ချက်တွေကအမျိုးမျိုးရှိကြတယ်။ Digital Technologyတွေကို ကောင်းမွန်စွာအသုံးချတတ်ရင်ဖြင့် အချိန်ကုန်သက်သာခြင်း၊ ထိရောက်စွာတင်ပြနိုင်ခြင်း၊ လွယ်လင့်တကူရှာဖွေနိ်ုင်ခြင်း၊ မှတ်တမ်းတင်ထားနိုင်ခြင်း စသဖြင့်အကျိုးကျေးဇူးများစွာရရှိစေပါလိမ့်မယ်။

About the author

Add comment

By admin