Human Resource Management Practice

H

လုပ်ငန်းတစ်ခုမှာ HR ပညာရပ်ကိုအသုံးချပြီး ဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်ကောင်းမွန်တိုးတက်ဖို့နဲ့ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ဖို့ ကောင်းကောင်းအသုံးချတတ်ဖို့လိုအပ်ပါတယ်။ HR ဌာနမှာရှိသော HR team ဟာ HRM ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်မှသာ အခြားဌာနများနဲ့ုလုပ်ငန်းအတွက်အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ HR မှာနေ့စဉ်နဲ့အမျှ လက်တွေ့ကျင့်သုံး လုပ်ကိုင်ရသော HR Process တွေရှိပါတယ်။ HR ရဲ့ practices တွေအကြောင်းမပြောခင် HR models အကြောင်းအရင်သိထားဖို့လိုမယ်ထင်ပါတယ်။ တကယ်တော့ HR Practices ဆိုတာက HRM ရဲ့ model တစ်ခုဖြစ်ပြီး အဆင့် (၅)ဆင့်နဲ့တည်ရှိနေပါတယ်။ Business တစ်ခုထူထောင်ပြီးသွားရင် ဝန်ထမ်းတွေဝင်ရောက်လုပ်ကိုင်ကြတော့မယ်။ ဒီအချိန်မှာ HRM ကိုစပြီး အကောင်းအထည်ဖော်တော့မယ်ဆိုရင် အောက်ပါ models (၅)ခုနဲ့ စတင်ပါတယ်။

  1. HR philosophy
    HRM တစ်ခုအကောင်အထည်ဖော်ဖို့ အတွေးအခေါ်အယူအဆကနေစတင်ပါတယ်။ အဖွဲ့အစည်းမှာရှိတဲ့သူတွေကို ဘယ်လိုသဘောထားပြီး ဆက်ဆံမှာလဲ၊ business အောင်မြင်ဖို့ ထိုသူတို့ကော ဘယ်လိုနေရာမှာထားမှာလဲ၊ ဘယ်လို စီမံခန့်ခွဲမှာလဲဆိုပြီး စတင်ပြီးတွေးလာပါတော့တယ်။
  2. HR Policies
    Business ရဲ့ Vission ကိုသေချာမြင်ပြီဆိုရင် Business issues နဲ့ အဖွ့ဲအစည်းထဲကလူတွေနဲ့ ချိတ်ဆက်မိဖို့လိုအပ်ပြီး လမ်းညွန်မှုတွေ၊ မူဝါဒတွေချမှတ်ဖို့လိုအပ်ပါတယ်။ Strategic needs ပေါ်အခြေခံပြီး HR practices တွေကိုဖွံ့ဖြိုးလာဖို့ HR မူဝါဒတွေချမှတ်ရပါမယ်။ ဥပမာ – ဝန်ထမ်းအားလုံးနဲ့ဆိုင်တဲ့ လုပ်ငန်းခွင်မူဝါဒ၊ ခွင့်မူဝါဒ၊ အလုပ်ခန့်ထားခြင်းဆိုင်ရာမူဝါဒ စသဖြင့် မူဝါဒများစွာရှိရပါမယ်။
  3. HR Programmes
    အပေါ်ကချမှတ်လိုက်တဲ့ HR Policies တွေကို အကောင်အထည်ဖော်ရမယ့်အပိုင်းဖြစ်ပါတယ်။ Business Strategy အရ အဖွဲ့အစည်းပြောင်းလဲတိုးတက်လာစေဖို့အတွက် HR ကပြုပြင်ပြောင်းလဲမှုတွေ လုပ်၍ စေ့စပ်ညှိ နှိုင်းအကောင်အထည်ဖော်ပေးရမှာဖြစ်ပါတယ်။ စနစ်တကျ အစီအစဉ်တွေ HR ကရေးဆွဲပြီး လုပ်ငန်းနဲ့ချိတ်ဆက်၍ လုပ်ဆောင်ပေးရပါမယ်
  4. HR Practices
    HR policies နဲ့ HR Programmes ရှိနေပြီဆိုရင်တော့ အဲဒါတွေကို လက်တွေ့တကယ်ဖြစ်လာအောင် အကောင်အထည်ဖော်ပေးရတဲ့အပိုင်းကတော့ HR Practices ပဲဖြစ်ပါတယ်။ HR မှာ လက်တွေကျင့်သုံးရမယ့် အချက်တွေများစွာရှိနေပါတယ်။
  5. HR Process
    နောက်ဆုံးအဆင့် HR Process ကတော့ HR Plan နဲ့ HR Policies တွေကို အသက်ဝင်အောင်လုပ်ပေးရတဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။ အခုလေ့လာခဲ့ရတာကတော့ The 5-P model of HRM ပဲဖြစ်ပါတယ်။ Schuler (1992) ဖော်ထုတ်ခဲ့သော သီအိုရီတစ်ခုဖြစ်ပါတယ်။
    HR ဌာနတစ်ခုရဲ့ HR Practices တွေထဲမှာ Resourcing, Learning & Development, Performance Management, Reward Management, Employee Relations နဲ့ Administration တို့ပါဝင်ပါတယ်။ HRM ကိုကောင်းကောင်းအသုံးချတတ်ဖို့ (Best practices) အတွက် အရေးကြီးဆုံးကတော့ Best user ပါပဲ။ HR ပညာရပ်ကိုအသုံးချပြီး professional အဖြစ်ရပ်တည်နေကြသော HR တစ်ယောက်ရဲ့ အသိပညာဗဟုသုတနဲ့ လက်တွေ့ကျင့်သုံးနိုင်မှုတို့ဟာ အရေးကြီးဆုံးပါ။ HR practitioner လို့လည်းခေါ်လို့ရပါတယ်။ ဒါအပြင် လက်ရှိလုပ်ငန်းတွေမှာ HR professional တစ်ယောက်ဟာ မိမိရဲ့ HR process တွေအပြင် လုပ်ငန်းရဲ့ Goal ကိုလည်းပြည့်မီစေဖို့ alignment လုပ်ပေးရပါတယ်။ နောက်တစ်ခုက ဝန်ထမ်းနဲ့ လုပ်ငန်းကြားထဲမှာ HR Practices တွေကို ထိထိမိမိကျင့်သုံးနိုင်မှသာလျှင် Employee Relations ကောင်းတစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
    ဝန်ထမ်းတွေရဲ့ performance တိုးတက်လာဖို့အတွက်လည်း HR Practices တွေထဲမှာ performance management ကိုထည့်သွင်းစဉ်စားရမယ်။ လုပ်ငန်းခွင်မှာ ဝန်ထမ်းတစ်ယောက်ရဲ့ performance လို့ခေါ်တဲ့လုပ်ရည်ကိုင်ရည်တိုးတက်ဖို့ ဆိုတာ လုပ်ငန်းရဲ့ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို ဝန်ထမ်းကသိဖို့လိုအပ်ခြင်း၊ Competency လို့ခေါ်တဲ့ Skills, Knowledge ရှိအောင်လုပ်ပေးခြင်းဖြစ်ပါတယ်။ နည်းပညာအဆင့်အတန်းတွေလည်းမြင့်မားလာတာကြောင့် လုပ်ငန်းထဲမှာရှိတဲ့ ဝန်ထမ်းတွေကိုလည်း အသိပညာဗဟုသုတနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေ လိုအပ်ရင်မျှဝေပေးဖို့လိုပါတယ်။ လုပ်ငန်းကြီးထွားလာနဲ့အမျှ နည်းပညာအကူအညီဖြင့် ဝန်ထမ်းတွေလည်းဖွံ့ဖြိုးတိုးတက်ဖို့လိုပါတယ်။
    Digital ခေတ်မှာ လွယ်လင့်တကူ ယူသုံးလို့ရနေတဲ့ နည်းပညာတွေကို ကိုယ့်လုပ်ငန်းထဲမှာ အကျိုးရှိရှိ practices ပြန်လုပ်နိုင်မယ်ဆိုရင် လုပ်ငန်းရဲ့ဦးတည်ချက်ကို မြန်ဆန်လာစေပါမယ်။ HR professional တစ်ယောက်ဟာ လုပ်ငန်းတစ်ခုလုံးကို ခြုံငုံသုံး သပ်တတ်ဖို့လိုပြီး ဘယ်လိုနေရာမျိုးမှာ ဘာစနစ်မျိုး၊ ဘယ်လို နည်းပညာမျိုးသုံးလိုက်ရင် လုပ်ငန်းက နောင်အလားအလာမှာ ဘယ်အဆင့်ထိရောက်သွားနိုင်မှာ စသဖြင့် Advisory Role ကပါနေပေးဖို့လိုအပ်ပါတယ်။ Cloud based HRM Software တွေလည်းမသုံးတတ်ရင်တောင် လေ့လာထားဖို့လိုအပ်ပါတယ်။ ရာထူးကြီးပိုင်းရလာတဲ့အခါမှာ နေ့စဉ် HR Functions တွေလောက်နဲ့အချိန်ကုန်ခံနေဖို့မထိုက်တန်ပါဘူး။ HRM လုပ်ငန်းစဉ်တစ်ချို့ကို Cloud based ပေါ်တင်ပြီး အလုပ်ကိုလုပ်နိုင်မယ်ဆိုရင် HR ရဲ့ အရေးကြီးတဲ့ Strategic အလုပ်တွေကို လျင်လျင်မြန်မြန်လုပ်လာနိုင်ပါလိမ့်မယ်။ ဒီလို HRM အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တဲ့ Better HR လို Digital HR platform software တွေရွေးသုံးချင်ဖြင့်လည်း HR professional တစ်ယောက်အနေဖြင့် မိတ်ဆွေကို Smart ကျလာပါစေလိမ့်မယ်။

About the author

Add comment

By admin