Feedbackကိုနည်းမှန်လမ်းမှန်ဘယ်လိုပေးမလဲ

F

သတ်မှတ်ထားတဲ့ goalတွေကျော်တဲ့သူတွေ၊အမူအကျင့်ကောင်းတဲ့သူတွေ၊အလုပ်ကြိုးစားတဲ့ဝန်ထမ်းတွေကို များသောအားဖြင့် ချီးကျူးကြပေမယ့် ကောင်းမွန်ပြီးသက်ရောက်မှုရှိတဲ့ feedbackမျိုးကိုပေးဖို့တော့မေ့နေတတ်ပါတယ်။Great Job ဆိုပြီးပြောလိုက်တာဟာ ဝန်ထမ်းကောင်းတစ်ယောက်အတွက်မလုံလောက်ပါဘူး။မိမိဝန်ထမ်းကို စိတ်အားထက်သန်မှုပိုတိုးစေဖို့ ကိုယ်ပေးတဲ့ feedbackတွေဟာ

၁။အစစ်အမှန်ဖြစ်ပါစေ

ပေးလိုက်တဲ့ feedbackဟာအရမ်းချီးကျူးမိတာမျိုးမဖြစ်ပါစေနဲ့။တခြားဝန်ထမ်းတွေနဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့အမြင်ကွဲလွဲလာနိုင်ပါတယ်။ အဲ့တာကြောင့် feedbackပေးတဲ့အခါ ရိုးရိုးရှင်းရှင်းနဲ့တိုက်ရိုက်ပြောပါ။

၂။အချိန်မလွန်ပါစေနဲ့။

Meeting တို့ Performance Reviewလုပ်တဲ့အချိန်တို့ကိုမစောင့်ပါနဲ့။အဲ့ဒီအချိန်အတွင်းမှာပဲ ပြောသင့်တာကိုပြောလိုက်ပါ။စောင့်နေတဲ့အချိန်မှာ ဝန်ထမ်းဘက်ကနေ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်မပြုဘူးလို့ခံစားသွားရနိုင်ပါတယ်။

၃။ကြိုးစားအားထုတ်မှုကိုဦးတည်ပြီးပြောပါ။

Positive feedbackပေးတဲ့အခါ သူတို့မှာနဂိုရှိတဲ့ ကိုယ်ရည်ကိုယ်သွေး၊အမူအကျင့်တွေထက် သူတို့ကြိုးစားခဲ့တဲ့အလုပ်ကိုဦးတည်ပြီးပြောပါ။အဲ့ဒီလိုဦးတည်ပြီးပြောတာက သူတို့ရဲ့ mindset တစ်နည်းအားဖြင့် စိတ်ပိုင်းဖြတ်မှုနဲ့ အလိုက်သင့်တိုးတက်အောင်တွန်းလှန်နိုင်တဲ့စိတ်ကို အားပေးရာရောက်ပါတယ်။

၄။Body languageတွေအသုံးပြုပါ။


အသိအမှတ်ပြုတာကို ပိုပြီးလေးနက်စေမယ့် အပြုံး၊မျက်လုံးအကြည့်၊မျက်နှာအနေအထားနဲ့လက်ဟန်ခြေဟန်တို့ကို ပြုလုပ်ဖို့မမေ့ပါနဲ့။မိမိပြောတဲ့ပုံစံက မိမိပြောတဲ့စကားဘယ်လောက်အရေးကြီးလည်းဆိုတာဆုံးဖြတ်ပေးပါတယ်။

၅။မှတ်သားထားပါ။

ဝန်ထမ်းတွေထဲမှာ တချို့ကတော့ လူအများရှေ့မှာ feedbackပေးခံရတာ သဘောကျပေမယ့် တချို့သောသူတွေကတော့ တစ်ဦးချင်းစီတွေ့ပြီးfeedbackပေးတာမျိုးပဲအဆင်ပြေကြတယ်။မိမိဝန်ထမ်းလိုအပ်ချက်ကို မှတ်သားပြီးစီမံထားသင့်ပါတယ်။

ဒီအချက်အလက်တွေကို When I work/Balance Career/Forbes ကနေမှီငြမ်းထားပါတယ်။

About the author

Add comment

By admin