home_banner-title

သင့်ရုံးမှာ Chat, Email, Excel တွေ အသုံးပြုနေတာကို ပြောင်းလဲသင့်ပါပြီ။ Better HR က သင့်ရုံးရဲ့ ရုံးချိန်၊ အလုပ်ချိန်ကနေစလို့ စီမံအုပ်ချုပ်ရေး စနစ်တစ်ခုလုံး ဒစ်ဂျစ်တယ်အဖြစ် အသွင်ပြောင်းလဲ ပေးမှာ ဖြစ်ပါတယ်။

Better HR ရဲ့ဝန်ဆောင်မှုများ

ရိုးရှင်းတဲ့ လစာပေးချေစနစ်ကို ရယူပါ။

NEW

ရိုးရှင်းတဲ့ ဒီစနစ်က သင်ထည့်သွင်းထားတဲ့ ရုံးတွင်း လုပ်ထုံးလုပ်နည်းများ (ရာထူး၊ ရုံးတက် ရုံးဆင်းချိန်၊ ခွင့်ရက်၊ နားရက်၊ အချိန်ပိုနှင့် အခြား အကျိုးခံစားခွင့်များ) အပေါ် အခြေခံကာ သင့်ဝန်ထမ်းတိုင်း ရရှိမယ့် လစာကို မှန်ကန်တိကျစွာ တွက်ချက်ပေးမှာ ဖြစ်ပြီး၊ အခွန်နဲ့ လူမှုဖုံလုံရေး အခကြေးငွေတွေ အပါအဝင် ရုံးတစ်ခုလုံးရဲ့ လစာစာရင်းကို ရှင်းလင်း အမှားအယွင်းကင်းတဲ့ ဇယားကွက်နဲ့ လစဉ် သင် ရရှိနေမှာပါ။ ဒါ့အပြင် သင့်ရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး နိုင်ငံတကာ ငွေကြေးနှုန်းထားနဲ့ လစာများကိုပါ တွက်ချက်ပေးနိုင်တဲ့အထိ ဖော်မြူလာများ ပါဝင်ပါတယ်။

ဝန်ထမ်း လမ်းညွန်

ကိုယ်ရေးရာဇဝင်၊ ရာထူး၊ စာချုပ်စာတမ်းများ စသည့် ဝန်ထမ်းများနှင့် သက်ဆိုင်သော သတင်းအချက်အလက်မှန်သမျှကို စီမံရေးရာဌာနမှ ကိုယ်တိုင် စနစ်တကျ စီမံနိုင်မှာ ဖြစ်ပါတယ်။

ဝန်ထမ်းများအနေနှင့် အခြား လုပ်ဖော်ကိုင်ဖက်များကို ဆက်သွယ်နိုင်သည့် အချက်အလက်များကို Better HR မှ တဆင့် သိရှိနိုင်မှာ ဖြစ်ပါတယ်။

ရုံး/အလုပ် အချိန်စာရင်း

စီမံရေးရာ အဖွဲ့မှ ရုံးချိန်နှင့် အလုပ်ဆိုင်းများကို မိမိရုံးတွင် သတ်မှတ်ထားသည့်အတိုင်း ထည့်သွင်းနိုင်မှာဖြစ်ပြီး၊ ၎င်းပေါ်မူတည်၍ လချုပ်စာရင်းများကို အလိုအလျောက် တွက်ချက်ပေးမှာ ဖြစ်ပါတယ်။

ဝန်ထမ်းများ အနေနဲ့လည်း မိမိတို့ရဲ့ ရုံးချိန်၊ အလုပ် လုပ်ချိန်များကို QR code နှင့် ဖြစ်စေ၊ အထက်လူကြီးကို တိုက်ရိုက် တင်ပြ၍ဖြစ်စေ လက်ခံခွင့်ပြုကြောင်း ရယူနိုင်ပါတယ်။

ခွင့်များ စီမံမှု

ဝန်ထမ်းများ၏ ခွင့်ရက်များကို အလိုလျောက် တွက်ချက်ပေးမှာပါ။ ခွင့်နှင့် သက်ဆိုင်သော ကိစ္စရပ် မှန်သမျှကို Better HR ဖြင့် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Better HR App ဖြင့် ဝန်ထမ်းများကိုယ်တိုင် ခွင့်တိုင်ကြားခြင်းကို ပြုလုပ်နိုင်မှာ ဖြစ်ပြီး၊ ခွင့်နှင့် သက်ဆိုင်သမျှကိုပါ တပါတည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

အချိန်ပို စီမံမှု

ဝန်ထမ်းများရဲ့ အချိန်ပိုဆင်းရသော အလုပ်ချိန်များကို တိတိကျကျ စီမံနိုင်မှာ ဖြစ်ပါတယ်။

ဝန်ထမ်းများ ကိုယ်တိုင်လည်း Better HR App ဖြင့် အချိန်ပို ဆင်းခဲ့ရသော နာရီကို ပေးပို့ပြီး မိမိရဲ့ အထက်လူကြီးထံမှ အတည်ပြုချက်ကိုရယူနိုင်ပါတယ်။

ဒက်ရှ်ဘုတ်

စီမံရေးရာအဖွဲ့အနေနဲ့ ရုံးချိန် စာရင်း၊ မွေးနေ့များ၊ လုပ်ငန်းနှစ်ပတ်လည်နေ့၊ နောက်ကျအချိန်၊ နားနေချိန်၊ အချိန်ပို၊ အလုပ်ထွက်သူဦးရေ၊ လက်ရှိ ဝန်ထမ်းအရေအတွက်နှင့် အခြားသော အသေးစိတ်အချက်အလက်များကို တစ်ချက် ကြည့်လိုက်ရုံနဲ့ အားလုံးသိရှိရမှာ ဖြစ်ပါတယ်။

စာရွက်စာတမ်းများ စီမံမှု

ဝန်ထမ်းတိုင်းရဲ့ မှတ်ပုံတင်၊ အလုပ်လျှာက်လွှာများမှ အစ စာချုပ်စာတမ်းများအထိ ကဏ္ဍအလိုက် ခွဲပြီး စီမံသိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။

ဝန်ထမ်းများအနေနဲ့လည်း မိမိနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို Better HR App နဲ့ ကြည့်ရှုနိုင်မှာပါ။

ရုံးသုံးပစ္စည်းစာရင်း စီမံမှု

ကုမ္ပဏီရှိ ဝန်ထမ်းများကို ပေးအပ်ထားတဲ့ ရုံးသုံးပစ္စည်းတွေကို စာရင်းဇယားနဲ့တကွ စီမံနိုင်မှာဖြစ်ပါတယ်။

ဝန်ထမ်းတွေအနေနဲ့လည်း မိမိတို့ရရှိထားတဲ့ ပစ္စည်းများကို Better HR App ကနေ ကိုယ်တိုင်စစ်ဆေးနိုင်ပါတယ်။

လုပ်ထုံးလုပ်နည်းကို ကိုယ်တိုင်သတ်မှတ်နိုင်ခြင်း

ရုံးရဲ့ လုပ်ထုံလုပ်နည်းမှန်သမျှကို Better HR Payroll စနစ်ထဲမှာ သင်ကိုယ်တိုင် ထည့်သွင်းစီမံနိုင်မှာဖြစ်ပြီး တိကျတဲ့ လစာစာရင်းကို ရရှိမှာ ဖြစ်ပါတယ်။ ရုံးတွင်း ရာထူးအလိုက် ဝန်းထမ်းများရဲ့ သတင်းအချက်အလက်တွေကို ကြည့်ရှုခွင့်၊ ပြင်ဆင်ခွင့် စတဲ့ လုပ်ဆောင်ချက်များကိုလည်း လိုသလို စီမံခန့်ခွဲနိုင်မှာ ဖြစ်တဲ့အတွက် သင့်ရုံးရဲ့ သတင်းအချက်အလက်များ ပေါက်ကြားခြင်း၊ ယိုစိမ့်ခြင်းကနေ ကင်းဝေပြီး လုံခြုံစိတ်ချမှုကို ရရှိမှာ ဖြစ်ပါတယ်။

သတင်းနှင့် အသိပေးချက်
ထုတ်ပြန်ခြင်း

တရုံးလုံးသို့ ကြေညာချက်သတင်း ထုတ်ပြန်လိုက်သည်နှင့် တပြိုင်နက်တည်း ဝန်ထမ်းတိုင်း၏ ဖုန်းအတွင်းသို့ အသိပေးချက် ရောက်ရှိမှာ ဖြစ်ပါတယ်။ အချိန်ပိုဆင်းခြင်းနဲ့ ခွင့်ယူခြင်းများအား ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်း စတာတွေကို ရုံးစီမံရေးရာအဖွဲ့ နှင့် ဝန်ထမ်းများကိုပါ တစ်ပြိုင်နက်တည်း အသိပေးနိုင်ပါတယ်။

သင့်လုပ်ငန်းကို အဆင့်မြှင့်ခြင်း

Better HR ကို အသုံးပြုပြီး သင့်ရုံးနဲ့သင့်စီးပွားရေးလုပ်ငန်းကို အဆင့်မြှင့်တင်လိုက်ပါ။

ဘာကြောင့် Better HR ကို ယုံကြည်ကြသလဲ။

အချိန်ကုန်သက်သာခြင်း

ခလုတ်တစ်ချက်နှိပ်ရုံနဲ့ HR ရဲ့ စီမံခန့်ခွဲမှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ပါတယ်။

အသုံးပြုရလွယ်ကူခြင်း

လှပပြီး ရိုးရှင်းတဲ့ အပြင်အဆင်ကြောင့် လွယ်ကူစွာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

ဝန်ထမ်းကိုယ်တိုင် အသုံးပြုစနစ်

ကိုယ်ရေးအချက်အလက်များကို ကြည့်ရှုနိုင်မှာ ဖြစ်ပြီး အခြား လုပ်ဆောင်မှုများစွာကိုလည်း အသုံးပြုနိုင်ပါတယ်။

နည်းပညာကို အဆင့်မြှင့်ပေးခြင်း

ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် အသစ်သစ်သော လုပ်ဆောင်မှုများကို မြင်တွေ့ရမှာဖြစ်ပါတယ်။