home_banner-title

သင့်ရုံးမှာ Chat, Email, Excel တွေ အသုံးပြုနေတာကို ပြောင်းလဲသင့်ပါပြီ။ Better HR က သင့်ရုံးရဲ့ ရုံးချိန်၊ အလုပ်ချိန်ကနေစလို့ စီမံအုပ်ချုပ်ရေး စနစ်တစ်ခုလုံး ဒစ်ဂျစ်တယ်အဖြစ် အသွင်ပြောင်းလဲ ပေးမှာ ဖြစ်ပါတယ်။

ဈေးနှုန်းနှင့်ပါဝင်သောဝန်ဆောင်မှု

Essential

၂၀ဝ၀ကျပ်

၀န်ထမ်းတစ်ဦးချင်းစီ လစဉ်ကြေး + လစဉ် software အသုံးပြုခ ၃၀ဝ၀ဝ ကျပ်
ဝန်ဆောင်မှုများ
  • အချိန်ပိုများ စီမံခြင်း
  • သတင်းနှင့် ကြေညာချက်များ ထုတ်ပြန်ခြင်း
  • ခွင့်များ စီမံခြင်း
  • ရုံးချိန် အချိန်စာရင်းကို စီမံနိုင်ခြင်း
  • ဝန်ထမ်း လမ်းညွန်ကို ဖန်တီးပေးခြင်း
  • စာရွက်စာတမ်းများ စီမံခြင်း
  • ဒက်ရှ်ဘုတ် ပါရှိခြင်း
  • ရုံးသုံးပစ္စည်းစာရင်းကို စီမံသိရှိခြင်း
အကျိုးကျေးဇူးများ
  • အချိန်ကုန်သက်သာခြင်း
  • အသုံးပြုရ လွယ်ကူမြန်ဆန်ခြင်း
  • ဝန်ထမ်းတိုင်း ကိုယ်တိုင်အသုံးပြုနိုင်ခြင်း
  • အချိန်နဲ့တပြေးညီ အဆင့်မြှင့်ပေးခြင်း
Complete

၃၅၀ဝကျပ်

၀န်ထမ်းတစ်ဦးချင်းစီ လစဉ်ကြေး + လစဉ် software အသုံးပြုခ ၃၀ဝ၀ဝ ကျပ်
ဝန်ဆောင်မှုများ
  • Essential package တွင် ပါရှိသော ဝန်ဆောင်မှုများ အပြင်၊
  • ရုံးချိန်နှင့် အချိန်ပိုများကို ထည့်သွင်းတွက်ချက်ခြင်း။
  • လူမှုဖုံလုံကြေးနှင့် ဝင်ငွေခွန်များ တွက်ချက်ခြင်း။
  • လစာပေးနှုန်းများကို ကိုယ်တိုင်စီမံခြင်း။
  • နိုင်ငံတကာ ငွေကြေးများပါ တွက်ချက်ခြင်း။
  • ဘဏ်ပေါ်မူတည်၍ လစာပြ ဇယားကို ရွေးချယ်ခြင်း။
အကျိုးကျေးဇူးများ
  • အမှားကင်းပြီး တိကျသေချာခြင်း
  • အချိန်ကုန်သက်သာခြင်း
  • ဝန်ထမ်းများအပေါ် ပိုအာရုံစိုက်နိုင်ခြင်း
  • လစာ စာရင်းကို တစုတစည်းတည်း ရရှိခြင်း
  • စာရွက်များနှင့် အလုပ်ရှုပ်စရာ မလိုခြင်း
အကူအညီရနိုင်မည့်နေရာများ
  • အမေးအဖြေကဏ္ဍ
  • Emailနှင့်ဆက်သွယ်မေးမြန်းပါ
  • တိုက်ရိုက်မေးမြန်းပါ

အမေးအဖြေကဏ္ဍ

ထပ်မံသိရှိလိုပါက အမေးအဖြေကဏ္ဍတွင် မေးမြန်းနိုင်ပါသည်။

နှစ်ရှည်စာချုပ်လိုအပ်လား။

Better HR ဟာ နှစ်စဉ်ကြေး (သို့) လစဉ်ကြေးနဲ့ ရယူနိုင်တဲ့ ဝန်ဆောင်မှုဖြစ်တဲ့အတွက်၊ Better HR ဝန်ဆောင်မှုကို အသုံးမပြုလိုတော့ပါက တစ်လကြိုတင်အသိပေးပြီး ဝန်ဆောင်မှုကို ရပ်တန့်နိုင်ပါတယ်။

Software ကို အဆင့်မြှင့်တိုင်း ငွေပေးချေဖို့လိုအပ်လား။

သင့်လိုပဲ ကျွန်တော်တို့ဟာလည်း အသစ်သစ်တွေကို ဖန်တီးဖို့၊ ဆန်းသစ်ဖို့အတွက် အစဉ်ကြိုးစားလျက် ရှိပါတယ်။ ဒါကြောင့် အပိုငွေကြေး ထပ်မံပေးရန် မလိုအပ်ဘဲ အဆင့်မြှင့်တဲ့ လုပ်ဆောင်မှုအသစ်တွေကို ရရှိမှာပါ။

BetterHR ထဲက အချက်အလက်တွေ ဘယ်မှာသိမ်းထားလဲ။

စင်္ကာပူ အခြေစိုက် Amazon Web Service (AWS) မှာ အခြေတည်ထားပြီး အခြား AWS တစ်ခုမှာလည်း BetterHR ရဲ့ အချက်အလက်တွေကို အရံသင့်သိမ်းဆည်းထားပါတယ်။ AWS ဟာ ယုံကြည်စိတ်ချရသည့်အတွက် Airbnb, Netflix နဲ့ Apple စတဲ့ နာမည်ကြီး ကုမ္ဗဏီများကပါ အသုံးပြုနေပါတယ်။

လစဉ်ကြေးမှာ ဘာတွေ ပါဝင်သလဲ။

Application ကို အခမဲ့ ထိန်းသိမ်းပြင်ဆင်ပေးခြင်း၊ အဆင့်မြှင့်ပေးခြင်း၊ ပိုမိုမြန်ဆန်ကောင်းမွန်သော လုပ်ဆောင်ချက်များ၊ ဝန်ဆောင်မှုများ ရရှိနိုင်မည့်အပြင် Email, Phone နှင့် Live Chat များနှင့်လည်း တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

သင့်လုပ်ငန်းကို အဆင့်မြှင့်ခြင်း

Better HR ကို အသုံးပြုပြီး သင့်ရုံးနဲ့သင့်စီးပွားရေးလုပ်ငန်းကို အဆင့်မြှင့်တင်လိုက်ပါ။

ဘာကြောင့် Better HR ကို ယုံကြည်ကြသလဲ။

အချိန်ကုန်သက်သာခြင်း

ခလုတ်တစ်ချက်နှိပ်ရုံနဲ့ HR ရဲ့ စီမံခန့်ခွဲမှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ပါတယ်။

အသုံးပြုရလွယ်ကူခြင်း

လှပပြီး ရိုးရှင်းတဲ့ အပြင်အဆင်ကြောင့် လွယ်ကူစွာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

ဝန်ထမ်းကိုယ်တိုင် အသုံးပြုစနစ်

ကိုယ်ရေးအချက်အလက်များကို ကြည့်ရှုနိုင်မှာ ဖြစ်ပြီး အခြား လုပ်ဆောင်မှုများစွာကိုလည်း အသုံးပြုနိုင်ပါတယ်။

နည်းပညာကို အဆင့်မြှင့်ပေးခြင်း

ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် အသစ်သစ်သော လုပ်ဆောင်မှုများကို မြင်တွေ့ရမှာဖြစ်ပါတယ်။